မန်စီးတီးအသင်းသည် ၎င်းတို့အသင်း၏ အားက စားဒါရိုက်တာဖြစ်သူ ဘီဂီရီစတိန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အသင်းနည်းပြဖြစ်သူ ပက်ဂွါဒီိယိုလာကိုပါ ဆက်လက်ဆုံးရှုံးရမည်ကို စိုးရိမ်နေပြီး အနည်းဆုံး အသင်းတွင် တစ်နှစ်သက်တမ်းတိုးသွားရန် ကြိုးစားသွား မည်ဟု သိရှိရသည်။
ဘီဂီရီစတိန်းသည် ဂွါဒီယိုလာအား မန်စီးတီးအ င်းထံသို့ ခေါ်ယူခဲ့ရာတွင် အဓိကအရေးပါသူအဖြစ် ရှိခဲ့သူဖြစ်သည်။
ကိုယ်တိုင်က ကတ်တလန်အခြေစိုက်တစ်ဦးဖြစ်သလို ဘာစီလိုနာကစားသမားဟောင်းတစ်ဦးလည်း ဖြစ်သည့် ဘီဂီရီစတိန်းသည် ဘာစီလိုနာအသင်းတွင် အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်စဉ်ကတည်းက ဘာစီလိုနာအသင်းနည်းပြ ဂွါဒီယိုလာနှင့်လက်တွဲခဲ့ဖူးသူလည်းဖြစ်သည်။
ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းနည်းပြရာထူးကို စွန့်ခွာထားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းတွင် နည်းပြအဖြစ် ဆောင်ရွက်နေချိန်တွင် ဘီဂီရီစတိန်းသည် မန်စီးတီးအသင်း၌ အားကစားဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ကာ အသင်းထံသို့ ဂွါဒီိယိုလာ ရောက်ရှိလာရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
ယင်းနောက် ဂွါဒီယိုလာအား ဘိုင်ယန်မြူးနစ်အသင်းထံမှ မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်ခဲ့ပြီး အမှုဆောင်ချုပ် ဆိုရီယာနို၊ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းနှင့် အသင်းနည်းပြ ဂွါဒီိယိုလာတို့သည် လက်တွဲညီစွာဖြင့် အောင်မြင်မှုများစွာကိုလည်း ရ ယူနိုင်ခဲ့သည်။
ယခုအချိန်တွင် ဘီဂီရီစတိန်းသည် မန်စီးတီးအသင်း အားကစားဒါရိုက်တာ ရာထူးကို စွန့်ခွာတော့မည်ဖြစ်ရာ မန်စီးတီးအသင်းသည် ဂွါဒီယိုလာကိုပါ ဆုံးရှုံးရမည်ကို စိုးရိမ်သဖြင့် သက်တမ်းတိုးလိုခြင်းလည်း ဖြစ်သည်။
မန်စီးတီးအသငး်သည် ဂွါဒီိယိုလာအား သက်တမ်းတိုးရန် ဆန္ဒရှိရာတွင် နှစ်ရှည်သက်တမ်းတိုးရန်ကိုသာ ပိုမိုလိုလားသော်လည်း ဂွါဒီယိုလာ လက်မခံမည်ကို စိုးရိမ်လျက်ရှိနေသည်။ မီဒီယာများ၏ ဖော်ပြချက်အရ မန်စီးတီးအသင်းသည် ဂွါဒီယိုလာ လက်ခံလိုပါက နှစ်ရှည်သက်တမ်းတိုးမည်ဖြစ်ပြီး ငြင်းဆန်ခဲ့လျှင်မူ အနည်းဆုံံး (၁) နှစ်သက်တမ်းတိုးလိုခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းထံသို့ ၂၀၁၆ ခု နှစ်က စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး မန်စီးတီးတစ်သင်းတည်းတွင် နည်းပြခဲ့သည့် နှစ်ကာလအရေအတွက်မှာ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် (၂) သင်းပေါင်း အရေအတွက်ထက်လည်း ပိုမိုကြာရှည်ခဲ့သည်။ လက်ရှိအချိန် တွင် မန်စီးတီးအသင်းနှင့် ဂွါဒီိယိုလာတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်စီးတီးအသင်းက ၂၀၂၆ အထိ သက်တမ်းတိုးလိုနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
