လေဗာကူဆင်အသင်း၏ ဂျာမနီ လူငယ်ကြယ်ပွင့်တောင်ပံကစားသမား ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူလိုသည့် အသင်းများထဲတွင် ဘိုင်ယန်မြူးနစ်အသင်း ပါဝင်နေရာ ၎င်းတို့ အသင်းသည် ဂျာမနီဘောလုံးလောက၏အတောက်ပဆုံး လူငယ်ကြယ်ပွင့်နှစ်ဦးကို တွဲဖက်ကစားစေလိုခြင်းကြောင့်ဖြစ်သည်ဟု အသင်းဘက်မှ ဆိုခဲ့သည်။
ဖလော်ရီယန်ဗက်ဇ်သည် လေဗာကူဆင်အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး အခြားဥရောပ ထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင် စားခြင်းကိုခံနေရသူလည်းဖြစ်သည်။
ဂျာမနီဘောလုံးပရိသတ်များကမူ ဘိုင်ယန်မြူးနစ်အသင်းသည် ယခင်က ဒေါ့မွန်အသင်းနှင့် လိုက်ပ်ဇစ်အသင်းတို့၏ ကစားသမားကောင်းများကို ပစ်မှတ်ထားခဲ့ဖူးသလို ယခုအခါ လေဗာကူဆင်ကို ပစ်မှတ်ထားလာခဲ့ပြီဟု ဝေဖန်လျက်ရှိသည်။
သို့သော် ဘိုင်ယန်မြူးနစ်ကမူ ဂျာမနီအကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည့် ဗက်ဇ်နှင့် မူစီယာလာတို့ကို တွဲဖက်ကစားစေလို ခြင်းသာဖြစ်သည်ဟု ဆိုခဲ့သည်။
အသက် (၂၁) နှစ်အရွယ်ရှိ ဖလော်ရီယန်ဗက်ဇ်သည် လေဗာကူဆင်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လေဗာကူဆင်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) အလိုရှိနေကြောင်း သိရသည်။
ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အပြင် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
