Top News

■ အမေရိကန်တတိယတန်းကလပ် Greenville Trimph SC အသင်းကို ရော်နယ်လ်ဒင်ဟိုနှင့် ၎င်းင်း၏မိတ်ဆွေများ ဝယ်ယူ     
24htopnews | October 11, 2024 7:12 PM CST

နာမည်ကျော် ဘရာဇီးလ်ဘောလုံးသမားဟောင်း ရော်နယ်လ်ဒင်ဟိုသည် အမေရိကန်တတိယတန်းကလပ် Greenville Trimph SC အသင်း ကို ၎င်း၏ မိတ်ဆွေများနှင့်အတူ ဝယ် ယူခဲ့ကြောင်း သိရသည်။

    

Greenville အသင်းသည် အမျိုးသားရော အမျိုးသမီးအသင်းပါ ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး Greenville Trimph SC ဟု အမည်ရသည့် အမျိုးသားအသင်းက USL League One တွင် ယှဉ်ပြိုင်ကစားနေပြီး Greenville Liberty ဟု အမည်ရသည့် အမျိုးသမီးအသင်းက USL အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံသည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံဖြစ်ပြီး ဘောလုံးနှင့်ပတ်သက်၍ တိုးတက်ဖွံ့ဖြိုးမှုများ ရှိနေသည့်အတွက် ရော်နယ်လ်ဒင်ဟိုနှင့် ၎င်း၏ မိတ်ဆွေများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

    

ရော်နယ်လ်ဒင်ဟိုနှင့် ညီအစ်ကိုတော်စပ်ပြီး စီးပွားရေးဆိုင်ရာကိစ္စများကို ပူးပေါင်းဆောင်ရွက်နေသည့် ရောဘတ်တိုအစစ်က "Greenville  အသင်းရဲ့ ကြိုဆိုမှုက နွေးထွေးပျူငှာပါတယ်။ သူတို့က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သော့ချက်မြို့ဖြစ်လာမယ့် အတ္တလန္တာနဲ့လည်း ကပ်လျက်ရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ အားကစားနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်လာမယ့် နေရာတစ်ခုပါ"ဟု ပြောကြားခဲ့သည်။ 

Greenville Trimph SC အသင်းသည် USL League One တွင် အဆင့်(၄)နေရာသို့ ရောက်ရှိနေပြီး အမျိုးသမီးအသင်းမှာ ရာသီမ စသေးကြောင်း သိရသည်။


READ NEXT
Cancel OK