■ ဘာပေကို မရွေးချယ်ခြင်းမှာ ရီးယဲလ်ကြောင့်မဟုတ်ဟု ဒေးရွှမ့် ဆို
24htopnews | October 11, 2024 7:12 PM CST
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က တိုက်စစ်မှူး ဘာပေကို အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအတွက် မရွေးချယ်ခဲ့ခြင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကြောင့်မဟုတ်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဘာပေသည် ရီးယဲလ်အသင်း အတွက် ပြန်ကစားနိုင်ပြီဖြစ်သော်လည်း ဒေးရွှမ့်က ကြံ့ခိုင်မှုအကြောင်းပြချက်ဖြင့် မရွေးချယ်ခဲ့သောကြောင့် ဝေဖန်ပြစ်တင်မှုများရှိခဲ့သည်။
ယင်းအတွက် ဒေးရွှမ့်က "ရီးယဲလ်ဆီးက တောင်းဆိုမှုမရှိပါဘူး။ ဒါ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ သူက ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးတာကြောင့် မရွေးချယ်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
ဘာပေသည် ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲကတည်းက ပြင်သစ်အသင်းတွင် ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။
ယခုလည်း ဘာပေအနေဖြင့် နိုင်ငံအသင်းထက် ကလပ်အသင်းကို ဦးစားပေးနေသည်ဟုဆိုကာ ဝေဖန်မှုများ ရှိနေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
