Top News

■ ပေါ့ဘာနှင့် မာဆေးလ်သတင်းမှာ မဟုတ်မှန်ဟု ပြင်သစ်မီဒီယာအချို့ ဖော်ပြ
24htopnews | October 11, 2024 7:12 PM CST

ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာအနေဖြင့် မာဆေးလ်သို့ ပြောင်းရွှေ့မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

    

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းရန် စီစဉ်နေသော ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာအနေဖြင့် ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် အဆိုပါသတင်းများမှာ ဟုတ်မှတ်ခြင်းမရှိကြောင်း ပြင်သစ်မီဒီယာအချို့က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

အသက် (၃၁) နှစ်အရွယ်ရှိ ပေါ့ဘာသည် ပွဲပယ်ပြစ်ဒဏ်မှ လျှော့ချပေးခြင်းခံခဲ့ရသည့်အတွက် ဇန်နဝါရီလတွင် ဘောလုံးပြန်ကစားနိုင်တော့မည်ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီး အသင်းသစ်တစ်သင်းသင်းထံ ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း သိရသည်။


READ NEXT
Cancel OK