နာမည်ကျော် ဘောလုံးအချက်အလက်နှင့် စာရင်းအင်းကုမ္ပဏီ CIES ၏ ထုတ်ပြန်မှုအရ ရီးယဲလ်မက်ဒရစ်အသင်းသည် ကမ္ဘာ့ဘောလုံးလောကတွင် တန်ဖိုးအကြီးဆုံးလူစာရင်း ပိုင်ဆိုင်သည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
CIES သည် ကစားသမားများ၏ ပြောင်းရွှေ့ကြေးတန်ဖိုးနှုန်းထားအပေါ် မူတည်၍ ကလပ်အသင်းများ၏ တန်ဖိုးကို တွက်ချက်ဖော်ပြခြင်းဖြစ်ပြီး ရီးယဲလ်အသင်းက ပေါင်(၁.၄၅) ဘီလီယံဖြင့် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ ခြင်းဖြစ်သည်။
ရီးယဲလ်အသင်း၏နောက်တွင် မန်စီးတီးအသင်းက ပေါင်(၁.၂၃)ဘီလီယံဖြင့် ဒုတိယ၊ ချယ်လ်ဆီးအသင်းက ပေါင်(၁.၁၆)ဘီလီယံဖြင့် တတိယ၊ အာဆင်နယ်အသင်းက ပေါင်(၁.၀၃)ဘီလီယံဖြင့် စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့သည်။
အဆိုပါအသင်း(၄)သင်းမှာ လူစာရင်းတန်ဖိုး ပေါင်(၁)ဘီလီယံနှင့်အထက် တန်ကြေးရှိသည့်အသင်းများဖြစ်ပြီး ကျန်အသင်းများမှာမူ ပေါင်(၁)ဘီလီယံအောက်သာရှိကြောင်း သိရသည်။
လူစာရင်းတန်ဖိုးအကြီးဆုံး ကလပ်အသင်း(၁၀)သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိ ပါဝင်ခဲ့ပြီး မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူနှင့် စပါးတို့ဖြစ်သည်။
လာလီဂါကလပ်ထဲမှ ရီးယဲလ်နှင့် ဘာစီလိုနာတို့ ပါဝင်ခဲ့ပြီး ကျန်နှစ်သင်းမှာ ပြင်သစ်ထိပ်သီး PSG နှင့် ဂျာမန်ထိပ်သီး လေဗာကူဆင်တို့ဖြစ်သည်။
ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းက ပေါင် (၇၂၂)သန်းဖြင့် အဆင့်(၁၀)နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ပေါင်သန်း(၆၇၀) ဖြင့် အဆင့်(၁၂)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။
လူစာရင်းတန်ဖိုးအကြီးဆုံး ကလပ်အသင်းအများစုမှာ ဥရောပကလပ်အသင်းများဖြစ်ပြီး ဥရောပပြင်ပမှ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်(အဆင့် ၆၂)ဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒို ပါဝင်ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက လူစာရင်းတန်ဖိုး ပေါင်(၁၀၄)သန်းဖြင့် အဆင့် (၉၇)နေရာရပ်တည်နိုင်ခဲ့ပြီး တန်ဖိုးအကြီးဆုံးကလပ်အသင်း (၁၀၀)စာရင်းဝင်ခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
