■ အန်ဆယ်လော့တီနေရာ အလွန်ဆို အစားဝင်ရန် ရေပန်းစားနေဆဲဖြစ်
24htopnews | October 11, 2024 7:12 PM CST
လေဗာကူဆင်နည်းပြ အလွန်ဆိုသည် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ၏နေရာ၌ အစားဝင်ရန် ရေပန်းစားနေဆဲဖြစ်ကြောင်း သိရသည်။
အလွန်ဆိုသည် ပြီးခဲ့သည့်ရာသီတွင် လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သောကြောင့် ဥရောပထိပ်သီးအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည်။
သို့သော် အလွန်ဆိုသည် ထိပ်တန်းအသင်းများကို ပြောင်းရွှေ့ခြင်းမပြုဘဲ လေဗာကူဆင်အသင်းနှင့်သာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။
ယင်းအချိန်ကတည်းက ရီးယဲလ်အသင်းသည် အန်ဆယ်လော့တီနှင့် လမ်းခွဲခဲ့ပါက အလွန်ဆိုကို ခန့်အပ်သွားရန် စီစဉ်ထားပြီးဖြစ်သည်ဟု သတင်းထွက်ခဲ့သည်။
လက်ရှိအချိန်တွင်လည်း ၎င်းသည် လာမည့် ၂၀၂၅ သို့မဟုတ် ၂၀၂၆ ၌ ရီးယဲလ်နည်းပြဖြစ်လာလိမ့်မည်ဟု ဆက်လက်ရေပန်းစားလျက်ရှိသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
