လာလီဂါအဖွဲ့ချုပ်သည် ဆော်ဒီနိုင်ငံမှ ဖျော်ဖြေရေးနှင့် အားကစားအစီအစဉ်တစ်ခုဖြစ်သော Riyadh Season နှင့် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။
Riyadh Season သည် ဆော်ဒီနိုင်ငံ၏ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ထူထောင်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် အောက်တိုဘာမှ မတ်လအတွင်း ဖျော်ဖြေရေးအစီအစဉ်များ၊ အားကစားအစီအစဉ်များကို ပြုလုပ်လေ့ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၌ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ် နှင့် အတ္တလန်တာတို့ပါဝင်မည့် စူပါကိုပါအီတာလီယာပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထို့ပြင် ယင်းလအတွင်းမှာပင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘီလ်ဘာအိုနှင့် မာယော့ကာတို့ ပါဝင်မည့် စပိန်စူပါဖလားပွဲကိုလည်း ကျင်းပမည်ဖြစ် သည်။
ယခုအခါ Riyadh Season အနေဖြင့် လာလီဂါနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သည့်အတွက် လာလီဂါပွဲစဉ်အချို့ကို ဆော်ဒီနိုင်ငံတွင် ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။
လာလီဂါသည် Riyadh Season နှင့် (၃) နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
လာလီဂါဥက္ကဋ္ဌ တီဘက်စ်သည် ဝင်ငွေများ တိုးမြင့်ရရှိလာရန်အတွက် ယခုကဲ့သို့ စပွန်ဆာစာချုပ်များ ချုပ်ဆိုနေခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
