Top News

■ လာမည့်နှစ်အတွင်း နည်းပြလောကသို့ ဝင်ရောက်ဦးမည်မဟုတ်ဟု ဆောက်ဂိတ် ပြောကြား
24htopnews | October 11, 2024 7:12 PM CST

အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြဟောင်း ဆောက်ဂိတ်က လာမည့်နှစ်အတွင်း နည်းပြအဖြစ် ဆောင်ရွက်ဦးမည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့သည်။

ဆောက်ဂိတ်(၅၄ နှစ်)သည် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန် လက်ရွေးစင်အသင်း၏ နည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌  အသင်းလက်မဲ့ဖြစ်နေသည်။ 

၎င်းကို ခေါ်ယူလိုသည့် ကလပ်အသင်းများစွာ ရှိနေပြီး မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာနိုင်ကြောင်းလည်း သတင်းထွက်နေသည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီကတည်းက ၎င်းကို လက်ရှိနည်းပြ တန်ဟက်ဂ်၏နေရာ အစားထိုးခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သတင်းထွက်ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ မန်ယူအသင်း၏ နည်းပြရာထူးနှင့် ပတ်သက်၍ သတင်းများ ပြန်လည်ထွက်ပေါ်လာခဲ့သည့်အတွက် ဆောက်ဂိတ်က မိမိအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း နည်းပြအဖြစ် ဆောင်ရွက်ဦးမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 

"လာမယ့်နှစ်မှာ ကျွန်တော် နည်းပြအဖြစ် ဆောင်ရွက်ဦးမှာမဟုတ်ပါဘူး။ ဒီအချက်က သေချာပါတယ်"ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK