စပိန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး မိုရာတာက မိမိအနေဖြင့် စပိန်အသင်းမှ နုတ် ထွက်ရန် စဉ်းစားခဲ့ဖူးသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
အေစီမီလန်တိုက်စစ်မှူး မိုရာတာသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်သည်။
သို့သော် ၎င်းက ယင်းပြိုင်ပွဲမတိုင်မီ စိတ်ဓာတ်ကျဆင်းမှုကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်၍ အနားယူရန် စဉ်းစားခဲ့ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
"ယူရိုမပြိုင်ခင် (၃)လလောက်မှာ ဘောလုံးမကစားချင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲဆိုတာ တကယ်မသိပါဘူး"ဟု မိုရာတာက ပြောကြားခဲ့သည်။
အသက် (၃၁) နှစ်အရွယ်ရှိ မိုရာတာသည် ၂၀၁၄ ခုနှစ်တွင် စပိန်လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ပွဲ (၈၀) တွင် (၃၆) ဂိုး သွင်းယူပေးထားသည်။
၎င်းသည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၇) ပွဲတွင် (၂) ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
