Top News

■ ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာကို မန်စီးတီးအသင်း ပစ်မှတ်ထား
24htopnews | October 11, 2024 7:12 PM CST

မန်စီးတီးအသင်းသည် ပေါ်တိုအသင်းမှ ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ဒီယိုဂိုကော်စတာကို လက်ရှိဂိုးသမား အီဒါဆန်၏နေရာတွင် အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ဘရာဇီးလ်ဂိုးသမား အီဒါဆန်သည် မန်စီးတီးအသင်းနှင့် လမ်းခွဲရန် စီစဉ်နေသည့်အတွက် မန်စီးတီးအသင်းက ၎င်းနေရာ အစားထိုးရန် ဂိုးသမားသစ် ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် ဒီယိုဂိုကော်စတာ(၂၅ နှစ်)ကို ခေါ်ယူရန် ချိန်ရွယ်နေရာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၆၀)ဝန်းကျင် သုံးစွဲရဖွယ်ရှိကြောင်း သိရသည်။

ပေါ်တိုအသင်းတွင် လက်စွမ်းပြနေသည့် ဒီယိုဂိုကော်စတာအား မန်စီးတီးအပြင် ဘာစီလိုနာအသင်းကလည်း အသင်းဝါရင့်ဂိုးသမား စတီဂန်၏နေရာတွင် ရေရှည်အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

မန်စီးတီးအသင်းသည် ဒီယိုဂိုကော်စတာအား လာမည့် ၂၀၂၅ နွေရာသီတွင် ကမ်းလှမ်းမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 


READ NEXT
Cancel OK