Top News

■ ၂၀၂၅ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတွင် စည်းကြပ်ဒိုင်အစား AI နည်းပညာ အသုံးပြုမည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီအတည်ပြု    
24htopnews | October 11, 2024 7:12 PM CST

၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၌ စည်းများ စောင့်ကြည့်ရသည့် စည်းကြပ်ဒိုင်အစား AI နည်းပညာကို ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

    

ကမ္ဘာတစ်ဝန်း သက်တမ်းအရင့်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး တင်းနစ်ပြိုင်ပွဲဖြစ်သည့် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကျင်းပခဲ့သော ၁၄၇ နှစ်ကြာ သက်တမ်းတစ်လျှောက် စည်းကြပ်ဒိုင်များ အသုံးပြုခဲ့သော်လည်း လာမည့်နှစ် ပြိုင်ပွဲမှစ၍ Electronic Line Calling Live စနစ်ကို ပြောင်းလဲ အသုံးပြုရမည်ဖြစ်သည်။ 

အဆိုပါစနစ်ကို သြစတြေးလျအိုးပင်း ဂရင်းစလင်းပြိုင်ပွဲတွင် ၂၀၂၁ ခုနှစ်နှင့် ယူအက်စ် အိုးပင်းဂရင်းစလင်းပြိုင်ပွဲတွင် ၂၀၂၂ ခုနှစ်မှစ၍ အသုံးပြုခဲ့ပြီး ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတွင်လည်း လာမည့်နှစ်မှစ၍ အသုံးပြုမည်ဖြစ်ရာ ဂရင်းစလင်းပြိုင်ပွဲလေးခုအနက် မြေစေးကွင်း အမျိုးအစားပြိုင်ပွဲတစ်ခု ဖြစ်သည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ တစ်ခုတည်းသာ စည်းကြပ်ဒိုင်စနစ် ဆက်လက် အသုံးပြုတော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

    

Electronic Line Calling Live  စနစ်ကို လာမည့်နှစ်မှစ၍ အမျိုးသားပွဲစဉ်များတွင် အသုံးပြုရန် ATP Tour က ညွှန်ကြားထားပြီး WTA Tour ကလည်း အမျိုးသမီးပွဲစဉ်များတွင် အသုံးပြုမည်ဖြစ်သည်။


READ NEXT
Cancel OK