သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂၁.၄ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။
ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ကျရောက်သည့် International Day of The Girl Child ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ၎င်းတို့က မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များ၏ လူ့အခွင့်အရေးနှင့် ၎င်းတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အထူးအလေးထားကြောင်း ဖော်ပြထားသည်။
ထို့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအနက် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များအပေါ် အကြ-မ်းဖက်မှု ပပျောက်ရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ကြေညာချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ထည့်သွင်းဖော်ပြထားပြီး ၂၀၂၁ ခုနှစ်မှစ၍ ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာခြင်း၊ ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့ရဆုံး ကမ္ဘာ့ဒုတိယနိုင်ငံ ဖြစ်လာခြင်းတို့ကို ထောက်ပြထားသည်။
ထို့ပြင် အကြပ်အတည်းကြောင့် ကျားမတန်းတူညီမျှမှု နိမ့်ကျလာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေး စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိလာကြောင်းလည်း ဖော်ပြထားသည်။
သြစတြေးလျအစိုးရသည် ၎င်း၏အကူအညီများကို ရောက်ရှိရန်ခက်ခဲသော ဒေသများ၊ ပဋိပက္ခဒဏ်သင့်ဒေသများရှိ ထိခိုက်လွယ်လူထုများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဦးတည်သွားမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
