စက်မှုကုန်ကြမ်း ကျွန်း/သစ်မာသစ်လုံး/ခွဲသားတန် (၃၅၃၃)တန်ကျော်ကို ပြည်တွင်းသစ်အချောထည်လုပ်ငန်းရှင်များထံသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။
အဆိုပါ ကျွန်း/သစ်မာ သစ်လုံး/ခွဲသားများကို ရောင်းချရန်အတွက် မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနက အိတ်ဖွင့်တင်ဒါ ကြေညာထားခြင်းသည်။
ယင်းကဲ့သို့ ရောင်းချပေးမည့်သစ်များမှာ ရန်ကုန်၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့မှ သစ်များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်တွင် အောက်တိုဘာ (၂၄) ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိတ်ဖွင့်တင်ဒါနှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်သိရှိလိုပါက မြန်မာ့သစ်လုပ်ငန်း၏ ဝက်ဆိုဒ်ဖြစ်သည့် www.mte.com.mm တွင်ဝင်ရောက်ကြည့်ရှု့နိုင်သလို ဖုန်းနံပါတ် ၀၁-၃၇၂၀၂၃၊ ၃၇၂၆၈၈ သို့ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် တိုင်းပြည် သဘာဝ အရင်းအမြစ်များ ရေရှည် အသုံးပြုနိုင်ရန်နှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရန် ၂၀၁၄ ခုနှစ် ဧပြီလ (၁)ရက်မှစ၍ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို အစိုးရမှ တားမြစ် ကန့်သတ်ခဲ့ပြီး သစ်ခွဲသားနှင့် သစ်အချောထည် ထုတ်ကုန်များ တင်ပို့ခြင်းကိုမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရန် ရည်ရွယ်၍ ခွင့်ပြုထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
