သီတင်းကျွတ်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း ရိုးရာမီးပုံးများ၊ ကလေ-းများဆော့ကစားသည့် လက်တွန်းလှည်းမီးပုံးလေးများကို ယခုနှစ်တွင် ဖောက်သည်ယူရောင်းချသူနည်းပါးလာကြောင်း ရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။
နှစ်စဉ် သီတင်းကျွတ်ကာလရောက်တိုင်း ရိုးရာမီးပုံးများကို ဖောက်သည်ဝယ်ယူသူများပြားလေ့ရှိပြီး ယခုနှစ်တွင် ထုတ်လုပ်မှုစရိတ် နှင့် မကိုက်ခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေပြီး ဖောက်သည်ဝယ်ယူသူများမှလည်း ဈေးမြင့်တက်လာခြင်းကြောင့် မရောင်းချနိုင်ကြောင်း သိရသည်။
” အဲဒီပစ္စည်းတွေက ဒိုင်မှာတင်ဈေးများတယ်။ မနှစ်ကတော့တော်သေးတယ်။ ဒီနှစ်က ဈေးလည်းတော်တော်မြင့်လာတော့ မရောင်းနိုင်ဘူး။ ကလေ-းတွေကလည်း တစ်ခုကို လေးငါးထောင်ဆိုရင် ဘယ်ဆော့နိုင်မလဲ။ ဒီနှစ်တော့ မီးပုံးမရောင်းတော့ဘူး။ တခြား ကြယ်မီးပန်းလေးတွေ၊ပေသီးလေးတွေပဲ ရောင်းတော့တယ်”ဟု သီတင်းကျွတ်ပစ္စည်းများရောင်းချသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
မြန်မာမှုလက်မှုမီးပုံးများသည် ပင်ရင်းဒိုင်တွင် အနည်းဆုံး ကျပ်တစ်ထောင်မှ ၂၅၀၀၊၃၅၀၀၊၇၀၀၀ကျော်မှ သောင်းကျော်တန်အထိ ရှိပြီး လေယာဉ်ပျံရုပ်၊ ဒေါင်းရုပ်များကိုမူ ယခုနှစ်တွင် ထပ်မထုတ်နိုင်တော့ကြောင်း သိရသည်။
သီတင်းကျွတ်ကာလအတွက် အိမ်တိုင်းလမ်းတိုင်းတွင် နှစ်စဉ်ထွန်းညှိလေ့ရှိသော ဖယောင်းတိုင်မီး၊ ဆီမီး၊ ရောင်စုံ မီးပုံးများသာမက လက်ရှိတွင် ရောင်စုံဒီဇိုင်းစုံ LED မီးဆိုင်း/မီးတွဲများ၊ ဓာတ်ခဲအသုံးပြု ဖယောင်းတိုင်များ၊ LED ပန်းအိုးနှင့် ပန်းစည်းများကိုပါ အသုံးပြုသူများလာကြောင်း သိရသည်။
မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်သည်လည်း တခုအပါအဝင်ဖြစ်ပြီး ရန်ကုန် ကြည့်မြင့်တိုင်မြို့နယ်ရှိ ဗားဂရာလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းဆုံတွင် အများဆုံးပြုလုပ်ရောင်းချကြောင်း သိရသည်။
ဝါးနှင့်က္ကူကို အဓိကကုန်ကြမ်းအဖြစ်အသုံးပြုရပြီး လှပသည့်ရောင်စုံမီးပုံးများနှင့် ကလေ-းကစားစရာ ကားပုံ၊ ယုန်ပုံ၊ လေယာဉ်ပျံပုံစံ လက်တွန်းမီးပုံးလေးများကို ပြုလုပ်ကြခြင်းဖြစ်သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
