ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများပြီး ရေကြီးရေလျှံဖြစ်ခဲ့ရသည့် ဒေသများတွင် နောက်ဆက်တွဲအနေဖြင့် ကလေ-း ၂၇၀၀၀၀ ကျော်အတွက် ကူညီစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အောက်တိုဘာလ ပထမပတ်တွင် ထုတ်ပြန်အသိပေးထားသည်။
အဆိုပါ ကလေ-းများထဲတွင် မိဘအုပ်ထိန်းသူများနှင့် မိသားစုတကွဲတပြားဖြစ်ခြင်း၊ ကိုယ်၊ စိတ် ထိခိုက်ခံစားခြင်း အပါအဝင် ၎င်းတို့၏ ကျန်းမာရေးများအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်းလည်း UNOCHA က ဆိုသည်။
ထို့ပြင် ရေကြောင့်ဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ တုတ်ကွေး၊ ငှက်ဖျား၊ ကာလဝမ်းရောဂါများသည် ကလေ-းငယ်များအပေါ် သက်ရောက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အကူအညီများပေးရန် လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ထိုနည်းတူ ရေဘေးသင့်သူများသည် စိုက်ပျိုးရေးပစ္စည်းများ၊အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး ဝန်ဆောင်မှုအကူအညီများ လိုအပ်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အကူအညီလိုအပ်နေဆဲဖြစ်ကာ ယင်းဒေသများ၌ ရေရှည်အခက်အခဲများနှင့် ဆက်ရင်ဆိုင်ရနိုင်ကြောင်း UNOCHA က ဆိုသည်။
နစက၏ အောက်တိုဘာလဆန်းပိုင်း ထုတ်ပြန်ချက်များအရ နိုင်ငံတစ်ဝန်း ရေကြီးမြေပြိမှုများကြောင့် ေ-သဆုံးသူ (၄၃၆) ဦး အထိရှိခဲ့ပြီး ရေစီးနှင့် မျောပါပျောက်ဆုံးသူ (၆၆) ဦး ရှိခဲ့သည်ဟု သိရသညိ။
ထို့ပြင်သီးနှံစိုက်ဧက (၈)သိန်းနီးပါး ပျက်စီးခဲ့ကာ လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင်
တိရိစ္ဆာန် (၁၇၀၀၀၀)ကျော် ေ-သဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်အသိပေးထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
