တရုတ်နှင့် ထိစပ်နေသည့် မြောက်ကိုရီးယားနယ်စပ်ဒေသတွင် ကူးစက်မြန်သော အာဖရိကဝက်တုပ်ကွေး ဖြစ်နေသည်ဟု သတင်းထွက်ပေါ်ပြီး သီတင်းပတ်အနည်းငယ်ကြာတွင် ဝက်တုပ်ကွေးပျံ့နှံ့မှုအား ဟန့်တားရန် ထက်ထက်သန်သန် နှိမ်နင်းမှုများ လုပ်ဆောင်နေသည်ဟု မြောက်ကိုရီးယားက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မွေးမြူရေးလုပ်ငန်းတွင်း၌ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ရောဂါပိုးပျံ့နှံ့ခြင်းကို တားဆီးရန်အတွက် လေအလုံပိတ် သီးသန့်ခွဲထားခြင်းများဖြင့် နိုင်ငံတစ်ဝန်းတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်ဟု မြောက်ကိုရီးယား၏ အစိုးရသတင်းစာ ရိုဒေါင်ရှင်မွန်တွင် ဖော်ပြခဲ့သည်။
အာဖရိကဝက်တုပ်ကွေးကြောင့် တရုတ်နှင့် အခြားအာရှနိုင်ငံများတွင် ဝက်ကောင်ရေများစွာ သေဆုံးခဲ့သည်။ အာဖရိက ဝက်တုပ်ကွေးသည် ဝက်များအား သေစေနိုင်ပြီး ကုသရန်ဆေးဝါးမရှိသော်လည်း လူများအတွက်မူ အန္တရာယ်မရှိပေ။
မြောက်ကိုရီးယားတွင် ဖြစ်ပွားနေသည့် ဝက်တုပ်ကွေးသည် နယ်စပ်အား ဖြတ်ကျော်ပျံ့နှံ့လာမည်ကို တောင်ကိုရီးယားက စိုးရိမ်လျက်ရှိကြသည်။ သို့သော် သီးသန့်ခွဲထားမှုများကို ပူးပေါင်းလုပ်ဆောင်ရန် တောင်ကိုရီးယားဘက်မှ ကမ်းလှမ်းမှုကို မြောက်ကိုရီးယားက ယခုအချိန်အထိ တုံ့ပြန်ခြင်းမရှိသေးကြောင်း ကိုရီးယားနှစ်နိုင်ငံအရေးကိစ္စများကို ကိုင်တွယ်နေသည့် တောင်ကိုရီးယား၏ ကိုရီးယား ပြန်လည်ရင်ကြားစေ့ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် လီဆန်မင်က ပြောကြားခဲ့သည်။
မွေးမြူရေးခြံများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို ပိုးသတ်ခြင်း၊ အပြင်လူဝင်ရောက်ခွင့်ကန့်သတ်ခြင်း၊ ဝက်သားပါဝင်သော စားသောက်ကုန်ဖြန့်ဖြူးခြင်းကို ပိတ်ပင်ခြင်းတို့အား အဓိကထားပြီး သီးသန့်ခွဲခြားရေးလုပ်ငန်းများအား လုပ်ဆောင်နေသည်ဟု မြောက်ကိုရီးယားသတင်းစာက ဖော်ပြခဲ့သည်။ နိုင်ငံအနှံ့တွင် သီးသန့်ခွဲသည့် လုပ်ဆောင်ချက်များလုပ်နေသည်ဟု သတင်းစာထဲတွင် ဖော်ပြခြင်းက ဝက်တုပ်ကွေးသည် တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဒေသထက် ကျော်လွန်ပျံနှံ့သွားဖွယ် ဖြစ်နိုင်ခြေရှိနေသည်ကို ညွှန်ပြနေသည်။
ဂျာဂန်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခြံ၌ ရောဂါဖြစ်နေသည်ဟု မေလနှောင်းပိုင်းက မြောက်ကိုရီးယားသည် ကမ္ဘာ့တိရစ္ဆာန်များဆိုင်ရာ ကျန်းမာရေးအဖွဲ့သို့ အကြောင်းကြားခဲ့ပြီးနောက်ပိုင်း ထပ်မံအကြောင်းကြားခဲ့ခြင်း မရှိတော့ဟု တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့သည်။ ထိုစဉ်က ယင်းမွေးမြူရေးခြံမှ ဝက် ၉၉ ကောင်တွင် ၇၇ ကောင်မှာ ရောဂါကြောင့် သေဆုံးခဲ့ပြီး ကျန်သည့် ဝက် ၂၂ ကောင်မှာ သုတ်သင်ခံခဲ့ရသည်ဟု မြောက်ကိုရီးယားဘက်မှ ဆိုသည်။
အမည်မဖော်လိုသည့် ထောက်လှမ်းရေးသတင်းများအရ ရောဂါသည် မြောက်ကိုရီးယား၏ အခြားနေရာများသို့ ပျံ့နှံ့နေပြီဟု သိရကြောင်း တောင်ကိုရီးယား၏ ပြန်လည်ရင်ကြားစေ့ရေးဝန်ကြီး ကင်ယန်ချောက ဇွန် ၉ ရက်က ရုပ်သံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် အဆိုပါဝက်တုပ်ကွေးဖြစ်ပွားပါက ဝက်ကောင်ရေ ၁၁ သန်းရှိသော မွေးမြူရေးခြံ ၆၃၀၀ ရှိသည့် ဝက်မွေးမြူရေးလုပ်ငန်းကို အထိနာစေလိမ့်မည်ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဒေသရှိ ခြံပေါင်း ၃၄၀ မှ ဝက်များကို စစ်ဆေးရာတွင် ရောဂါမရှိသည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
