အမေရိကန်နှင့် မက္ကဆီကိုနိုင်ငံ၏ ရွှေ့ပြောင်းအခြေချ သဘောတူညီမှုအသစ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီးနောက် မက္ကဆီကိုနိုင်ငံကို စည်းကြပ်ခွန်ချမှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဇွန် ၁၀ ရက်တွင် ထပ်မံခြိမ်းခြောက်ခဲ့သည်။ အမေရိကန်သို့ ရွှေ့ ပြောင်းအခြေချများ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုကို နှိမ်နင်းရေးအတွက် အရေးယူဆောင်ရွက်ချက်များတိုးမြှင့်ရန် အမေရိကန်၏ အဓိက ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သည့် မက္ကဆီကိုအား ယခုသီတင်းပတ်တွင် အခွန်စည်းကြပ်မှုချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့မှုအား ရုပ်သိမ်းပေးခဲ့ပြီး သုံးရက်အကြာတွင် ထရန့်က ထပ်မံဖိအားပေးခဲ့ခြင်း ဖြစ်သည်။
မက္ကဆီကိုကွန်ဂရက်က အတည်ပြုရန်လိုအပ်သည့် သဘောတူညီမှုတွင် လျှို့ဝှက်ကန့်သတ်ချက်များရှိနေသည်ဟု ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။
“အတည်ပြုချက်အတွက် အကြောင်းပြချက်တွေရှိနေမယ်ဆိုရင် ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး။ စည်းကြပ်ခွန်ချမှတ်မှုကို ပြန်လည်အသက်သွင်းရလိမ့်မယ်” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။
ဗဟိုအမေရိကတွင် ဆင်းရဲမွဲတေမှု နှင့် အုပ်စုဖွဲ့အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် တရားမဝင် ရွှေ့ပြောင်း အခြေချ မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရစဉ် ၎င်းက ကတိပြုထားသည့် မက္ကဆီကိုနယ်စပ်၌ တံတိုင်းဆောက်လုပ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ထရန့်က အရေးပေါ်အခြေအနေတစ်ခု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ စည်းကြပ်ခွန်ကောက်ခံမှုအတွက် ဆွေးနွေးတင်ပြမှု မတိုင်မီ နယ်စပ်ဒေသများကို ပိတ်ပစ်မည်ဟုလည်း ထရန့်က ခြိမ်းခြောက်ခဲ့ဖူးသည်။
ထရန့်သည် ဇွန် ၁၀ ရက်တွင် အသေးစိတ်ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိသော်လည်း ၎င်း၏ ထိပ်တန်းတောင်းဆိုချက်များထဲမှ ‘ဘေးကင်းသောတတိယနိုင်ငံသဘောတူချက်’ ဟု ခေါ်ဆိုသည့် အချက်တစ်ချက်အတွက် ဆွေးနွေးရန် သဘောတူခဲ့သည်ဟု မက္ကဆီကိုက ထုတ်ပြန်ခဲ့သည်။ ယင်းတောင်းဆိုမှုတွင် မက္ကဆီကိုပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းအခြေချများသည် အမေရိကန်ထက် ယင်းနိုင်ငံတွင်သာ ခိုလှုံခွင့်လျှောက်ထားရမည်ဟု ပါဝင်သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ၀ါရှင်တန်၌ မက္ကဆီကို စေ့စပ်ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ယင်းစီမံချက်အတွက် အမေရိကန်၏ တောင်းဆိုချက်ကို ခါးခါးသီးသီးငြင်းပယ်ခဲ့သော်လည်း ထိုကိစ္စကို ၄၅ ရက်ကြာ ပြန်လည်သုံးသပ်ရန် သဘောတူခဲ့သည်။ “အမေရိကန်ဒုတိယသမ္မတနဲ့ ဆွေး နွေးခဲ့ရာမှာ သူတို့က ‘ဘေးကင်းတဲ့ တတိယနိုင်ငံသဘောတူညီချက်ကို ထပ်တလဲလဲ တောင်းဆိုခဲ့တယ်’ ဟု Ebrard က ပြောကြားခဲ့သည်။
ယင်းသဘောတူညီမှုအရ မက္ကဆီကို အစိုးရသည် ၎င်း၏ တောင်ပိုင်းနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထားရန်နှင့် ခိုလှုံခွင့်တောင်းခံသူများကို ပြန်လည်လက်ခံမည့် ၎င်း၏ မူဝါဒကို ချဲ့ထွင်ရန် သဘောတူရမည် ဖြစ်သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
