ပြီးခဲ့သောလက ဘူဒါပက်မြို့ရှိ ဒင်ညုမြစ်အတွင်း နစ်မြုပ်သွားခဲ့သော ရှုခင်းကြည့်သင်္ဘောကို ဇွန် ၁၁ ရက်တွင် ဟန်ဂေရီရဲတပ်ဖွဲ့က စတင်ဆယ်ယူနေပြီဖြစ်သည်။ အဆိုပါ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ရှစ်ဦးပျောက်ဆုံးနေဆဲ ဖြစ်သည်။
ဒေသစံတော်ချိန်နံနက် ၆ နာရီတွင် ဆယ်ယူရေးလုပ်ငန်းကို စတင်ခဲ့ပြီးနောက် တစ်နာရီအကြာတွင် ကွပ်ကဲရေးစင်နှင့် သင်္ဘောတို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သင်္ဘောမှ အလောင်းများကို ရဲများက ဆယ်ယူခဲ့ကြကြောင်း အေအက်ဖ်ပီဓာတ်ပုံသတင်းထောက်က ပြောကြားခဲ့သည်။
သင်္ဘောအသွားအလာများသော ဒင်ညု မြစ်ကြောင်းတွင် ပိုမိုကြီးမားသော မြစ်ကြောင်းသွားသင်္ဘောနှင့် တိုက်မိခဲ့ပြီးနောက် တိမ်းမှောက်ခဲ့ချိန်တွင် Mermaid ရှုခင်းကြည့် သင်္ဘောသည် တောင်ကိုရီးယားခရီးသွားအများစုကို တင်ဆောင်ထားခဲ့သည်။ နောက်ထပ်ခရီးသည်များကို အသက်ရှင်လျက် ရှာတွေ့ရန် အလားအလာ အလွန်နည်းပါးနေခဲ့ပြီး ထိုမတော်တဆမှုတွင် သင်္ဘောပေါ်ပါလာသူ ၃၅ ဦးအနက် ခုနစ်ဦးသာလျှင် အသက်ရှင်သည်ဟု သိရသည်။
ပျောက်ဆုံးနေသူများတွင် အသက်ခြောက်နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးနှင့် ဟန်ဂေရီလူမျိုး သင်္ဘောကပ္ပတိန်တို့ ပါဝင်နေသည်။ ဆယ်ယူရေးလုပ်ငန်းသည် ခြောက်နာရီကြာမြင့်မည်ဖြစ်ပြီး သင်္ဘောအတွင်းပိုင်း၌ သေဆုံးသူများကို ရေငုပ်သမားများ ရှာဖွေနိုင်ရန် ဆယ်ယူမှုကို အဆင့်လိုက်လုပ်ဆောင်သွားမည်ဟု ဆယ်ယူမှုလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသော ဟန်ဂေရီရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သီတင်းပတ်ပေါင်းများစွာ မိုးရွာခဲ့ခြင်းနှင့်အတူ ရေလျှံနေသော မြစ်အတွင်း ရေစီးသန်နေခြင်းကြောင့် သင်္ဘောနစ်မြုပ်မှုဖြစ်ပွားအပြီးတွင် ရေငုပ်သမားများသည် မြုပ်နေသော သင်္ဘောအတွင်းသို ့မဝင်ရောက်နိုင်ခဲ့ကြပေ။ ထိုအစား ဆယ်ယူရေးအဖွဲ့သည် သင်္ဘောကို သိုင်းကြိုးများဖြင့် ချည်နှောင်၍ ဖောင်ပေါ်မှ ကရိန်းဖြင့် မçတင်ရန်ပြင်ဆင်ခဲ့ကြသည်။
ရေထဲမှဆွဲတင်၍ စိတ်ချရသည့်နေရာသို့ ရွှေ့ပြောင်းပြီးပါက ပြစ်မှုဆိုင်ရာစုံစမ်းစစ်မှုတစ်ရပ် ပြုလုပ်မည့်ရဲများက Mermaid သင်္ဘောကို စစ်ဆေးသွားမည်ဖြစ်သည်။ မြစ်ကြောင်းသွားသင်္ဘော Viking Sigyn ၏ ကပ္ပတိန်ကို လူ့အသက်ပေါင်းများစွာ သေဆုံးစေခဲ့ရသည့် ရေကြောင်းသွားလာမှု အန္တရာယ်ကျရောက်စေမှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
