Top News

သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
24htopnews | October 11, 2024 8:12 PM CST

သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၁၁ ရက်ေ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၁၀ မိနစ်၊ ၅၆ စက္ကန့်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။


READ NEXT
Cancel OK