၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (F) စတုတ္ထနေ့ကို ယနေ့ကျင်းပရာ ရန်ကုန်အသင်း အိမ်ကွင်း၌ ဂိုးပြတ် ရှုံးပွဲကြုံတွေ့ပြီး နောက်တစ်ဆင့်တက်ရန် အခွင့်အရေးနည်းသွားခဲ့ကြောင်း သိရသည်။ ရန်ကုန်အသင်းသည် ဗီယက်နမ်ကလပ် ဟနွိုင်းအသင်းကို (၂-၅) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အသင်းသည် ပထမအကျော့ အဝေးကွင်းပွဲတွင် နိုင်ပွဲရယူနိုင်သော်လည်း ယခုပွဲတွင် မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် အနိုင်ရသည့်အသင်းမှာ နောက်တစ်ဆင့်တက်ရန် အခွင့်အရေး များမည်ဖြစ်သောကြာင့် နှစ်သင်းစလုံး ကြိုးစားခဲ့သော်လည်း ဟနွိုင်းအသင်းက ရန်ကုန်အသင်း၏ ခံစစ်အားနည်းမှုကို အသုံးချကာ ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အသင်းသည် (၂-၁) ဂိုးဖြင့် ဦးဆောင်ခွင့်ရသော်လည်း ကစားပုံမကောင်းသည့်အပြင် ခံစစ်ပိုင်းအားနည်းမှုများကြောင့် ပေးဂိုးများခဲ့ခြင်းဖြစ်သည်။ ဂိုးသမားကျော်ဇင်ထက် ဂိုး သွင်းခွင့်အချို့ကို မကာကွယ်နိုင်ပါက ယခုထက် ဂိုးပြတ်သွားဖွယ်ရှိနေသည်။ ပွဲအစ (၂) မိနစ်တွင် အိုမာက ဟနွိုင်းအတွက် ဂိုးစသွင်းသော်လည်း ရန်ကုန်အသင်းအတွက် (၁၃) မိနစ် တွင် ဆယ်လာက ချေပဂိုး၊ (၂၆) မိနစ်တွင် မီလာက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ရန်ကုန်အသင်းသည် အရှုံးမှ ပြန်လည်ဦးဆောင်နိုင်သော်လည်း ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုး ထပ်ပေးခဲ့ရသည်။ ဟနွိုင်းအသင်းအတွက် (၃၃၊ ၄၂) မိနစ်တွင် အိုဆီနီ၊ (၈၁၊ ၈၃) မိနစ်တွင် အိုမာတို့က ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် လေးပွဲကစားသုံးမှတ် သာရသေးပြီး နှစ်ပွဲကစားရန် ကျန်သေးသော်လည်း နောက်တစ်ဆင့်တက်ရန် အခွင့်အရေး နည်းသွားပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
