ဟောင်ကောင်တွင် ကြီးမားသည့် ဆန္ဒပြမှုဖြစ်ပွားနေစဉ် လျှို့ဝှက်ကုဒ်ဖြင့် စာတိုပေးပို့သည့် Telegram သည် ဇွန် ၁၂ ရက်တွင် ပြင်းထန်သည့် ဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရသည်ဟု ယင်းဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကို တရုတ်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ခြေရှိသည်ဟု Telegram ၏ အမှုဆောင်အရာရှိချုပ် Pavel Durov က ပြောကြားခဲ့သည်။
Telegram ဝန်ဆောင်မှုသည် ပြင်းထန်သည့် DDoS တိုက်ခိုက်ခံခဲ့ရပြီး IP လိပ်စာအများစုသည် တရုတ်မှဖြစ်သည်ဟု Durov က Twitter တွင် ရေးသားခဲ့သည်။ ဟောင်ကောင်၌ ဆန္ဒပြမှုများဖြစ်နေသည့် တစ်ချိန်တည်းမှာပင် ဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
Distributed Denial of Service တိုက်ခိုက်မှုသည် တိုက်ခိုက်မည့်ပစ်မှတ်ကို များပြားသည့် Request များပေးပို့ခြင်းဖြင့် ယင်းဝန်ဆောင်မှုကို တစ်စိတ်တစ်ပိုင်း (သို့ မဟုတ်) အလုံးစုံ အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ရာဇဝတ်သားများအား တရုတ်သို့ လွှဲပြောင်းပေးမည့် ဟောင်ကောင်အစိုးရ၏ အငြင်းပွားဖွယ်ဥပဒေမူကြမ်းကို ကန့်ကွက်မှုအဖြစ် သောင်းနှင့်ချီသည် ဆန္ဒပြသူများက ယခုသီတင်းပတ်တွင် ဟောင်ကောင်၌ ချီတက်ဆန္ဒပြခဲ့ကြသည်။
တရုတ်အစိုးရမီဒီယာက ယင်းဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။ ယင်းဆန္ဒပြမှုများကို ပြည်ပမှအဖွဲ့များ လှုံ့ဆော်ခဲ့ကြောင်းနှင့် ဟောင်ကောင်တွင် လူမှုရေးတည် ငြိမ်မှုကို ထိခိုက်ပျက်ပြားစေကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
တရုတ်၏ဆိုက်ဘာမူဝါဒကို ကြီးကြပ်သည့် Cyberspace Administration of China သည် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ဖက်စ်ဖြင့် မေးမြန်းခဲ့မှုကို ဖြေကြားခဲ့ခြင်းမရှိပေ။ Durov ၏ စွပ်စွဲမှုနှင့် ပတ်သက်ပြီး မေးမြန်းခဲ့မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး မသိရှိဟု ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
Telegram နှင့် လျှို့ဝှက်ကုဒ်ဖြင့် စာတိုပေးပို့ရသည့် အခြားဆော့ဝဲလ်များသည် ကမ္ဘာတစ်ဝန်းရှိ ဆန္ဒပြသူများအတွက် ရေပန်းစားသည့် ကိရိယာများဖြစ်သည်။ ဟောင်ကောင်တွင် နိုင်ငံရေးလှုပ်ရှားမှုများဖြစ်ပေါ်သည့် အချိန်အတွင်း အခြားဆော့ဝဲလ်များသည်လည်း တရုတ်တွင် ပိတ်ပင်ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်၏ ထီးလှုပ်ရှားမှု အထွတ်အထိပ်ရောက်ရှိနေစဉ် တရုတ်အစိုးရက ဓာတ်ပုံဝေမျှသည့် ဆော့ဝဲလ် Instagram ကို ပြည်မကြီးထဲတွင် ပိတ်ပင်ခဲ့သည်။ တရုတ်တာဝန်ရှိသူများသည် ဆိုက်ဘာတိုက်ခိုက်မှုများကို ယခင်ကလည်း ငြင်းဆိုခဲ့ပြီး တရုတ်သည် ယင်းတိုက်ခိုက်မှုများတွင် စွပ်စွဲခံရသူ ဖြစ်ခဲ့သည်ဟု တုံ့ပြန်ခဲ့သည်။
Ref ;Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
