လေးစားခံရသော ဂျာနယ်လစ်တစ်ဦးအား စွဲဆိုထားသည့် မူးယစ်ဆေးဝါးဆိုင်ရာ စွဲချက်များကို ရဲတပ်ဖွဲ့က ရုတ်တရက် ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် တစ်ရက်အကြာ ဇွန် ၁၂ ရက်တွင် ရုရှားမြို့တော် မော်စကို၌ ချီတက်ပွဲတစ်ခုတွင် ဆန္ဒပြသူများအား အာဏာပိုင်များက ဖြိုခွင်းခဲ့ပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ အများပြည်သူအားလပ်ရက်ဖြစ်သည့် Russia ၌ ထိန်းသိမ်းခံခဲ့ရသူ များထဲတွင် ဆယ်ကျော်သက်များ၊ ရုရှားနှင့် ပြည်ပဂျာနယ်လစ်များလည်း ပါဝင်သည်။
အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီသည် ဖမ်းဆီးခံခဲ့ရသော်လည်း နာရီပိုင်းအကြာတွင် ပြန်လွတ်လာခဲ့သည်။ ရဲများသည် ဆန္ဒပြသူများအား ရိုက်နှက်ခဲ့ပြီး အနီးမှဖြတ်သန်းသွားသူအချို့ကိုလည်း ထိန်းသိမ်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုအားလပ်ရက်အတွက် နိုင်ငံကို ဂုဏ်ပြုခဲ့သော သမ္မတဗလာ ဒီမာပူတင်က ရုရှားအား ချမ်းသာကြွယ်ဝမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ထပ်မံမြှင့်တင်ရန်အတွက် အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား၏ နာမည်ပျက်ရှိနေသော ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးတို့ကို စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေး ဖိအားပေးရန်နှင့် ပြီးခဲ့သောသီတင်းပတ်တွင် စုံစမ်းဖော်ထုတ်ရေးသားသည့် ဂျာနယ်လစ် အီဗန်ဂိုလူနော့ဗ် ဖမ်းဆီးခံရမှုအား ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်နေမှုကြောင့် ဧရာမဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း ရုရှားပြည်သူများက လူမှုမီဒီယာတွင် ရေးသားခဲ့ကြသည်။
လစ်ဘရယ်များအကြား သဘောထားအလွန်အမင်းကွဲလွဲနေစဉ် ဂျာနယ်လစ်ဂိုလူ နော့ဗ်သည်စွဲချက်များ ရုပ်သိမ်းခံရပြီး ဇွန် ၁၁ ရက်တွင် ပြန်လွတ်လာခဲ့ပြီးနောက် မော်စကိုမြို့လယ်၌ ပြုလုပ်သောဆန္ဒပြမှုသို့ ဆန္ဒပြသူအများအပြား လာရောက်ခဲ့ခြင်းမရှိပေ။ ပူတင်အား ဆန့်ကျင်သည့် ကြွေးကြော်သံ များ အော်ဟစ်ခဲ့ကြသူအချို့ပါဝင်သည့် ဆန္ဒပြသူများအား မော်စကိုရဲဌာနချုပ်သို့ မချီတက်နိုင်စေရန် အဓိကရုဏ်းနှိမ်နင်းရေးရဲများက ခွင့်ပြုချက်မရသော ထိုစုဝေးချီတက်မှုအား ဟန့်တားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများအား ခြေရာခံခဲ့သည့် OVD info က လူ ၄၂၀ ကျော် ထိန်းသိမ်းခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ အတိုက်အခံ ဆန္ဒပြမှုများတွင် ပါဝင်သူအရေအတွက်အား ပုံမှန်လျှော့ချထုတ်ပြန်လေ့ရှိသော မော်စကို ရဲတပ်ဖွဲ့က ထိုချီတက်မှုတွင် လူ ၁၂၀၀ ခန့် ပါဝင်ပြီး ၂၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ အများအပြားအား ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ပူတင်အတွက် ခေါင်းခဲစရာ
ဂိုလူနော့ဗ်အား ဖမ်းဆီးမှုနောက်ကွယ် တွင်ပါဝင်သည့် ထိပ်တန်းတာဝန်ရှိသူများအား အပြစ်ပေးသင့်ပြီး ရဲနှင့်တရားရုံးများအား ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲသင့်ကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။ ယူကရိန်းဇာတ်ကားဖန်တီးသူ အိုလက်ဆင်ဆော့ဗ်အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် ရဲတပ်ဖွဲ့၏ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသူများအား ပြန်လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
အမှီအခိုကင်း ရုရှားဘာသာဝက်ဘ်ဆိုက် Meduza တွင် အကျင့်ပျက်ခြစားမှုအား စုံစမ်းစစ်ဆေးခဲ့သည့် ဂိုလူနော့ဗ်သည် ၎င်း၏ ဖော်ထုတ်မှုအတွက် အပြစ်ပေးရန် အကွက်ဆင်ခံခဲ့ရသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည်။ ၎င်းအား ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ ထိပ်တန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ထုတ်ပယ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးက ပူတင်အား ဇွန် ၁၁ ရက်တွင် တောင်းဆိုခဲ့သည်။
စီးပွားရေးပြဿနာများနှင့် ဆင်းရဲမွဲတေမှုမြင့်တက်လာစဉ် မကြာသေးမီလများအတွင်း လူထုထောက်ခံမှုကျဆင်းနေသည့် ပူတင်အတွက် ဂိုလူနော့ဗ် ဖမ်းဆီးခံခဲ့ရမှုသည် အလွန်အမင်း ခေါင်းခဲစရာတစ်ခု ဖြစ်လာခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
