ရာထူးမှထွက်ခွာမည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ နေရာကို ဆက်ခံရန် ယှဉ်ပြိုင် အရွေးခံသည့် ကိုယ်စားလှယ်လောင်း ၁၀ ဦးအား ဇွန် ၁၃ ရက်တွင် ပထမအကျော့ မဲပေးမှုကို လုပ်ဆောင်မည်ဖြစ်သည်။
ယှဉ်ပြိုင်သူကိုယ်စားလှယ်လောင်းအရေအတွက်အား လျှော့ချရန်အတွက် အာဏာရ ကွန်ဆာဗေးတစ်အမတ်များက ပထမဆုံး အကြိမ် လျှို့ဝှက်မဲပေးကြမည်ဖြစ်သည်။ အမတ် ၃၁၃ ဦးစလုံးက မဲပေးနိုင်ပြီး အမတ် ၁၆ ဦး၏ ထောက်ခံမှု မရသည့် မည်သူမဆို နုတ်ထွက်ရမည်ဖြစ်သည်။ ထိုအဟန့်အတား ကို အားလုံးက ကျော်လွန်နိုင်လျှင် မဲအနည်းဆုံးရသူက ပြိုင်ပွဲမှထွက်ခွာရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ကျန်ရစ်သူများသည် ဇွန် ၁၆ ရက် ၌ Channel 4 ၏ မိနစ် ၉၀ ကြာအစီအစဉ်တွင် ပထမဆုံးအကြိမ် တိုက်ရိုက် ရုပ်သံစကား စစ်ထိုးပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဇွန် ၇ ရက်၌ ဗဟိုလက်ယာယိမ်းပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေသည့် မေသည် ၎င်း၏သက်တမ်းသုံးနှစ်အတွင်း ဗြိတိန်အား ဥရောပသမဂ္ဂမှ ထွက်ခွာရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ မေ၏နေရာကို အစားဝင်ရန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ရေပန်းအစားဆုံးဖြစ်နေသည်။
ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းမှုအား ဇွန် ၁၂ ရက်တွင် စတင်ခဲ့သော လန်ဒန်မြို့ တော်ဝန်ဟောင်းလည်းဖြစ်သည့် ဂျွန်ဆင်က Brexit ကြောင့် သဘောထားအလွန်အ မင်းကွဲလွဲနေသည့် နိုင်ငံအား ညီညွတ်မှုရရှိ ရန် လုပ်ဆောင်မည်ဟု ကတိပြုထားခဲ့သည်။ မည်သည့်သဘောတူညီချက်မျှ မရဘဲ ဗြိတိန် အား ဥရောပသမဂ္ဂမှ ထွက်ခွာမှုကို နောက် ဆုံး၌ မလွဲမရှောင်မှသာ လုပ်ဆောင်မည်ဟု ၎င်းင်းက ပြောကြားထားသည်။
ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်သက်တမ်း ၄၆ နှစ်ရှိလာပြီဖြစ်သည့် ဗြိတိန်က နုတ်ထွက်ရာတွင် ဝရုန်းသုန်းကားဖြစ်စေမှုအား အဆုံးသတ်ရန်အတွက် ပါတီနှစ်ရပ်ပေါင်းက ဇွန် ၁၂ ရက်တွင် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ပေ။ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာမည့်သူက မည်သည့်အပေးအယူမှမပါဘဲ ဗြိတိန်အား ဥရောပသမဂ္ဂမှ ထွက်ခွာရန် စီစဉ်မှုကို ပိတ်ဆို့ရန်အတွက် ဗြိတိန်ပါလီမန်တွင်လည်း ရွေးချယ်စရာ ကုန်ခန်းသွားဖွယ်ရှိကြောင်း Brexit အစီအစဉ်အတွက် စီမံသူတစ်ဦးဖြစ်သူ အိုလီဗာလက်ဝင်းက ဝန်ခံခဲ့သည်။
လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျရီမီဟန့်က ဂျွန်ဆင်၏အနီးကပ်ဆုံးပြိုင်ဘက် ဖြစ်လာနိုင်သည်ဟု ယူဆခံထားရသည်။ ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျဗစ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မိုက်ကယ်ဂိုဗီ၊ Brexit ဆိုင်ရာ ဝန်ကြီးဟောင်း ဒေါမနစ်ရာအက်တို့သည်လည်း ဒုတိယအကျော့မဲပေးမှုအထိ ရောက်ရှိနိုင်ဟု ခန့်မှန်းထားသည်။
ပင်စင်ဆိုင်ရာဝန်ကြီးဟောင်း အက်စ်တာမက်ဗေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း မာ့ခ်ဟာပါးတို့သည် ပြိုင်ပွဲမှနုတ်ထွက်ရနိုင်ခြေ အမြင့်ဆုံးသူများအဖြစ် ရှုမြင်ခံထားရသည်။ အပေးအယူမပါဘဲ ထွက်ခွာရေးအား တစိုက်မတ်မတ် လက်ခံသောမက် ဗေးက မေနှင့် ဥရောပသမဂ္ဂအကြား ညှိနှိုင်းရရှိခဲ့သည့် Brexit သဘောတူညီချက်တွင် ဗြိတိန်သည် ဥရောပသမဂ္ဂနှင့် ဆက်လက်၍ အလွန်အမင်း နီးကပ်ရန် ရည်ရွယ်ထားသည်ဟု ဝေဖန်ခဲ့သည်။
ဟာပါးကမူ သဘောတူညီချက်ရရှိနိုင်ရန်အတွက် ထွက်ခွာရန်သတ်မှတ်ထားသည့် နောက်ဆုံးသတ်မှတ်ရက် အောက်တိုဘာ ၃၁ ရက်ကိုကျော်လွန်၍ အချိန်ထပ်တိုးပေးရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ အပေးအယူ မပါသည့်သဘောတူညီချက်အား ဆန့်ကျင်သည့် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ကမူ ဒုတိယအကျော့မဲပေးမှုသို့ ရောက်ရှိနိုင်ဟု ခန့်မှန်းထားသည်။
Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
