အိန္ဒိယအနောက်ပိုင်းသို့ ဦးတည်လာသည့် ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၇၀ ကီလိုမီတာအထိ ပိုမိုအားကောင်းလာပြီး ဇွန် ၁၃ ရက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိသည်ဟု မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟု အဆင့်သတ်မှတ်ခဲ့သည့် Vayu ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့်သူ ၃၀၀၀၀၀ နီးပါးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ဂူဂျရတ်ပြည်နယ်မှ တာဝန်ရှိသူများက ကြိုးစားနေကြသည်။
“ကမ်းရိုးတန်းတစ်လျှောက်မှာ နေထိုင်တဲ့သူတွေက သူတို့အိမ်တွေကိုထားပြီး မပြောင်းရွှေ့ချင်ကြဘူး။ တာဝန်ရှိသူတွေက သူတို့ကို စည်းရုံးဖို့ ကြိုးစားနေကြတယ်။ သူတို့ကို အချိန်မီ ရွှေ့ပြောင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟုGir- Somnath ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Vayu ဆိုင်ကလုန်းမုန်တိုင်းသည် ယင်းခရိုင်သို့ ဇွန် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၃၀ ၌ ဝင်ရောက်နိုင်ပြီး မြေပြိုမှုများ ဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းထားသည်။
ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင် လူ ၁၃၀၀၀၀ ကို ဘေးကင်းသည့်နေရာများသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဂူဂျရတ်ပြည်နယ်ဝန်ကြီးချုပ် ဗီဂျေးရူပါနီက ပြောကြားခဲ့သည်။
လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် ၁၇၀ ကီလိုမီတာသည် ဟာရီကိန်းမုန်တိုင်းအဆင့်တစ် သို့မဟုတ် နှစ်နှင့် ညီမျှကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) မှ Jayta Sarkar က ပြောကြားခဲ့သည်။
လာမည့်နှစ်ရက်အတွင်း လှိုင်းလုံးများသည် ၃.၅-၅.၃ မီတာ(၁၁.၅-၁၇.၄ ပေ) အထိရှိနိုင်သည်ဟု IMD က ခန့်မှန်းခဲ့ပြီး ငါးဖမ်းသမားများကို ပင်လယ်ပြင်သို့ မထွက်ရန် သတိပေးခဲ့သည်။
လေတပ်၊ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့နှင့် ရေတပ်တပ်ဖွဲ့များကို အသင့်အနေအထားရှိရန် သတိပေးခဲ့ပြီး ကမ်းရိုးတန်းဒေသများတွင် National Disaster Reponse Rorce (NDRF) မှ တပ်ဖွဲ့ ၃၆ ဦးကို တပ်ဖြန့်ထားရှိခဲ့သည်။
ဂူဂျရတ်ကမ်းရိုးတန်းသည် အဓိက ဆိပ်ကမ်းနှစ်ခုဖြစ်သည့် Deendayal နှင့် Adani တို့အပြင် ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံ Jamangar ရှိသည့် ဒေသလည်းဖြစ်သည်။ ဂူဂျရတ်ပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မှုသည် အလွန်ကြုံတောင့်ကြုံခဲ့ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၄၀၀၀ ကျော် သေဆုံးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
