ရာဇဝတ်သားများအား တရုတ်သို့ လွှဲပြောင်းပေးမည့် ဟောင်ကောင်အစိုးရ၏ အငြင်းပွားဖွယ်အစီအစဉ်များအား ဆန့်ကျင်မှုကို အင်အားပြရန် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာက အဓိကနေရာများစွာကို ပိတ်ဆို့ထားစဉ် ဇွန် ၁၂ ရက်တွင် ပါလီမန်အဆောက်အအုံထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသည့် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ဟန့်တားရန် ကြိုးပမ်းရာမှ အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ပေကျင်းကျောထောက်နောက်ခံပြု ထိုဥပဒေအား ဖျက်သိမ်းရေး အာဏာပိုင်များကို တောင်းဆိုသည့် လူငယ်များနှင့် ကျောင်းသားအများစုပါဝင်သည့် အနက်ရောင်ဝတ် ဆန္ဒပြလူအုပ်ကြီးကို ဖြိုခွင်းရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့၊ ရော်ဘာကျည်များနှင့် နံပါတ်တုတ်များကို အသုံးပြုခဲ့သည်။ အငြင်းပွားဖွယ် ဥပဒေကြမ်းအား ဖျက်သိမ်းရန် ဆန္ဒပြသူများက အာဏာပိုင်များကို သတ်မှတ်ပေးထားသည့် နောက်ဆုံးအချိန်ဖြစ်သော ဒေသစံတော်ချိန် ညနေ ၃ နာရီကျော်လွန်ပြီး မကြာမီတွင် ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး နှစ်များစွာအတွင်း အဆိုးရွားဆုံး နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခသည် ဆက်လက်ဖြစ်ပွားခဲ့သည်။
ဟောင်ကောင်ပါလီမန်တွင် ထိုဥပဒေကြမ်းအား အချေအတင်ဆွေးနွေးရန် စီစဉ်ထားသည့် အချိန်မတိုင်မီ နှာခေါင်းစည်းများ၊ ဦးထုပ်မာများ သို့မဟုတ် မျက်မှန်များ ဝတ်ထားပြီး အကာအကွယ်အဖြစ် ထီးများကို ကိုင်ဆောင်ထားကြသည့် ဆန္ဒပြသူများသည် ဟောင်ကောင်မြို့လယ်၌ စုဝေးခဲ့ကြသည်။ ပါလီမန်အဆောက်အအုံ အပြင်ဘက်ရှိ အဓိက လမ်းများအား ဆန္ဒပြလူအုပ်ကြီးက ပိတ်ဆို့ခဲ့ကြပြီးနောက် ထိုဥပဒေကြမ်းအား ဆွေးနွေးမည့်နေ့ရက်ကို ရွှေ့ဆိုင်းခဲ့သည်။
ဒီမိုကရေစီနည်းကျ အခွင့်အရေးများအား ပိုပေးရန်အတွက် ဟောင်ကောင်ဆန္ဒပြသူများက ၂၀၁၄ ခုနှစ်တွင် တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီလိုလားသော ထီးလှုပ်ရှားမှုတွင်လည်း မြို့၏နေရာအများစုလည်ပတ်မှုသည် တုံ့ဆိုင်းခဲ့ကာ ရဲများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့သည်။ သို့သော် တရုတ်ပြည်မကြီး အစိုးရထံမှ မည်သည့်အလျှော့ပေး လိုက်လျောမှုမှ မရရှိခဲ့ပေ။
ပြီးခဲ့သော ငါးနှစ်ကအတိုင်းပင် လူထောင်ပေါင်းများစွာသည် ဇွန် ၁၂ ရက်တွင် အဓိကလမ်းများနှင့် လမ်းဆုံများပေါ်သို့ ထွက်လာခဲ့ကြပြီး အရန်အတားများအား အဝေးပြေးလမ်းများပေါ်သို့ ဆွဲယူသွားခဲ့ကြသည်။
နောက်ဆုံးသတ်မှတ်ချိန်ကျော်သွားချိန်တွင် ဆန္ဒပြသူများသည် ပါလီမန်အဆောက်အအုံရှေ့မျက်နှာစာကို ချိုးဖောက်ဝင်ရောက်ခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲများအား သံချောင်းများအပါအဝင် အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ရဲများက ကနဦးတွင် ဆန္ဒပြသူများအား နံပါတ်တုတ်ဖြင့်ရိုက်ပြီး ငရုတ်ကောင်းရည်များဖြင့် ပက်ခဲ့သည်။ ယင်းနောက် ရော်ဘာကျည်များဖြင့် ပစ်ခဲ့ပြီး မျက်ရည်ယိုဓာတ်ငွေ့ဖြင့် အချက်ဒါဇင်များစွာ ပစ်ခတ်ခဲ့ပြီးနောက်တွင် ပါလီမန်အဆောက် အအုံအား ၀ိုင်းရံခံရမှုအနက် အခြမ်းတစ်ခြမ်းကို ပြန်လည်ရှင်းလင်းနိုင်ခဲ့သည်။
အငြင်းပွားဥပဒေကြမ်းအား ဖျက်သိမ်းရန် ဇွန် ၉ ရက်တွင် ဧရာမလူအုပ်ကြီးဖြင့် တောင်းဆိုခဲ့မှုကို အစိုးရက လျစ်လျူရှုခဲ့ပြီးနောက် ဟောင်ကောင်ဒေသခံအများအပြားက အလွန်အမင်း စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။ ရာဇဝတ်မှုအတွက် သံသယရှိသူများအား ဟောင်ကောင်က တရုတ်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများသို့ လွှဲပြောင်းပေးရမည့် ထိုအဆိုပြုဥပဒေကြမ်းအား ဇွန် ၉ ရက်က ကန့်ကွက်ဆန္ဒပြမှုတွင် လူတစ်သန်းကျော် ပါဝင်တက်ရောက်ခဲ့သည်ဟု စီစဉ်သူများက ပြောကြားခဲ့ကြသည်။
သို့သော် ပေကျင်းလိုလားသည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ကမူ ထိုဥပဒေကြမ်းကို ဖျက်သိမ်းရန် တောင်းဆိုမှုအား လျစ်လျူရှုထားဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
