ဆိုးလ်၊အောက်တိုဘာ ၁၀
တောင်ကိုရီးယားမှစာရေးဆရာမ Hang Kang သည် ရာဇဝင်တွင် စာတင်လောက်သော စိတ်ဒဏ်ရာများကိုရင်ဆိုင်ကာ လူ့ဘဝ၏မခိုင်မြဲမှုများကိုရေးသားထားသည့် ကဗျာစကားပြေအမျိုးအစားစာအုပ်ကြောင့် ၂၀၂၄ ခုနှစ်အတွက် စာပေဆိုင်ရာ နို့ဘဲလ်ဆုကို ရရှိခဲ့ကြောင်းသိရသည်။
ဆွီဒင်အကယ်ဒမီနို့ဘဲလ်ကော်မတီ အမြဲတမ်းအတွင်းဝန် Mats Malm က ယခုဆုကို စတော့ဟုမ်းတွင်ကြေငြာခဲ့ခြင်းဖြစ်သည်။
အသက် ၅၃ နှစ်အရွယ်ရှိ ဆရာမ Hang သည် စာပေဆိုင်ရာနို့ဘဲလ်ဆုရရှိသည့် ပထမဆုံးတောင်ကိုရီးယားအမျိုးသမီးဖြစ်ပြီး တောင်ကိုရီးယား၏ ၁၈ ယောက်မြောက် အမျိုးသမီးနို့ဘဲလ်ဆုရှင်ဖြစ်လာသည်။
ဆုကြေငြာပေးသူ မစ္စတာ Malm ကမူ ဆုကြေငြာပြီးနောက် မစ္စ Hang နှင့်ဖုန်းပြောခဲ့ရကြောင်းဆိုကာ ၎င်းသည် သားဖြစ်သူနှင့်ညလယ်စာအတူစားပြီးကာစဖြစ်ပြီး ဆုရရှိသည့်အတွက် အံ့ဩဝမ်းသာကြောင်းဆိုခဲ့သော်လည်း သားဖြစ်သူနှင့်လက်ဖက်ရည်သောက်ပြီး အေးချမ်းစွာပင်အောင်ပွဲခံမည်ဖြစ်ကြောင်းပြောသည်ဟု ပြန်လည်ပြောကြားခဲ့သည်။
“မစ္စ Hang က ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်၊အသက်ရှင်နေသူများနှင့် ေ-သလွန်ပြီး သူများအကြား ဆက်နွယ်မှု တို့ကို ထူးထူးခြားခြားသိရှိသတိထားမိနေသူတစ်ဦးပါ၊၎င်း၏ ကဗျာဆန်သည့် မျက်မှောက်ခေတ်စမ်းစကားပြေပုံစံကြောင့်လည်း ဆန်းသစ်တီထွင်သူဖြစ်လာခဲ့သည်” ဟု နို့ဘဲလ်ကော်မတီဥက္ကဌ Olsson ကပြောကြားခဲ့သည်။
မစ္စ Hang ကို ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ၎င်း၏ဖခင်သည် နာမည်ကြီးဝတ္ထုရေးဆရာတစ်ဦးဖြစ်သဖြင့် စာပေနောက်ခံရှိသည့်မျိုးရိုးမှဆင်းသက်လာသူတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ၁၉၉၃ ခုနှစ်မှစ၍ Literature and Society မဂ္ဂဇင်းတွင် ၎င်း၏စကားပြေနှင့်ဝတ္ထုတိုများစုစည်းမှုဖြစ်သည့် Love of Yeosu ဖြင့် စာရေးဆရာမဘဝကိုစတင်ခဲ့ခြင်းလည်းဖြစ်သည်။
ယင်းနောက် ၂၀၀၇ ခုနှစ်တွင် The Vegetarian ဝတ္ထုဖြင့် နိုင်ငံကျော်စာရေးဆရာမတစ်ဦးဖြစ်လာခဲ့ခြင်းသည်။ စာပေဆိုင်ရာနို့ဘဲလ်ဆုရ၍ အမေရိကန်ဒေါ်လာ ၁ သန်း ရမည်ဖြစ်ပြီး ငွေသားအပြင် ဆုရရှိသူများသည် လာမည့်ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆုတံဆိပ်ကိုလက်ခံရယူရမည်ဖြစ်သည်ဟုလည်းသိရသည်။
Source : အယ်လ်ဂျာဇီးရာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
