မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများထံ ဂျပန်မှ ကုမ္ပဏီတစ်ခုနှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော မြန်မာအစိုးရ ပညာတော်သင်များမှ အလှူငွေများလှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ဂျပန်နိုင်ငံ၊ Sai no Kuni Health and Social Welfare Coo perative ကုမ္ပဏီမှ အောက်တိုဘာ (၁၀)ရက်က လှူဒါန်းသော ယန်း ၃၀၀ ,၀၀၀ (ယန်း သုံးသိန်း) နှင့် အောက်တိုဘာ(၉)ရက်က ဂျပန်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော မြန်မာအစိုးရ ပညာတော်သင်များ၏ စုပေါင်းလှူဒါန်းမှုများကို သံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် မြန်မာသံရုံး၊ တိုကျိုမြို့ဝန်ထမ်းများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်မိတ်ဆွေများ၊ မြန်မာအစိုးရပညာတော်သင်များ၏ လှူဒါန်းငွေ စုစုပေါင်း ယန်း ၁,၉၃၃,၀၀၀ အား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ ပေးနေကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
