Top News

■ ဇန်နဝါရီတွင် တိုက်စစ်မှူးသစ် ခေါ်ယူရန် အာဆင်နယ်အသင်း စီစဉ်နေ     
24htopnews | October 12, 2024 9:12 AM CST

အာဆင်နယ်အသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် လက်ရှိအချိန်၌ ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေပြီး ခြေစွမ်းပြဂိုးများလည်း သွင်းယူနိုင်လျက်ရှိသည်။

သို့သော် အာဆင်နယ်အသင်းသည် အသင်းတိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးစစ်စစ် ထပ်မံအားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ယင်းသို့ အားဖြည့်ရန် နွေရာသီကတည်းက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းသွားမည်ဟု သိရသည်။

အာဆင်နယ်အသင်းသည် လက်ရှိတွင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ်၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်နှင့် ဂါလာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်တို့ကို စောင့်ကြည့်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် လီဗာပူးလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ပစ်မှတ်ထားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK