■ မန်ယူအသင်း၏ ကမ်းလှမ်းမှုနှစ်ကြိမ်ကို ဆီမြွန်နီအင်ဇာဂီ ပယ်ချခဲ့ဟု အီတလီမီဒီယာ ဖော်ပြ
24htopnews | October 12, 2024 9:12 AM CST
အီတလီမီဒီယာ Corriere dello Sport က အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီသည် မန်ယူအသင်း၏ ကမ်းလှမ်းမှု နှစ်ကြိမ်ကို ပယ်ချခဲ့သည်ဟု ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်၏နေရာတွင် အစားထိုးရန်အတွက် ထိပ်တန်းနည်းပြအချို့ကို ဆက်သွယ်ချဉ်းကပ်ခဲ့ရာ ဆီမြွန်နီအင်ဇာဂီလည်း ပါဝင်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သို့သော် ဆီမြွန်နီအင်ဇာဂီသည် မန်ယူအသင်း၏ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့ကြောင်း Corriere dello Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဆီမြွန်နီအင်ဇာဂီ (၄၈ နှစ်)သည် ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ၎င်းက လက်ရှိ အသင်းတွင်သာ အောင်မြင်မှုများ ထပ်မံရယူသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
