ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများပေါ်၌ အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၄)ဦးကို အောက်တိုဘာ ၄ ရက်က သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် YBS ကားများပေါ်၌ အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူများရှိနေကြောင်း သတင်းအရ ၎င်းတို့အားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန်းထွန်းအောင်(ခ)ကရင်၊ စန်းမောင်၊ စိုးတင့်(ခ)တရုတ်နှင့် ချစ်မင်းထွေး(ခ)ကုလားလေးတို့အား အောက်တိုဘာ ၄ ရက်က ဖမ်းဆီးစစ်ဆေးရာမှ ခါးပိုက်နှိုက်မှုများအား ၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့်ဖုန်းများနှင့် Tablet တစ်လုံးတို့ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်နေ ပြည့်ဖြိုးသူ(ခ)ဖိုးခွားထံတွင် ငွေကျပ်(၂၇၇၈၀၀၀)ဖြင့်ရောင်းချထားကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထိုသို့ ဖော်ထုတ်သိရှိခဲ့ရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များကသွားရောက်ရှာဖွေရာ ခါးပိုက်နှိုက်မှုကျူးလွန်ရာမှရရှိထားသည့် TAB 8 Pro အမျိုးအစား Tablet တစ်လုံးနှင့် ဖုန်းမျိုးစုံ(၂၂)လုံးတို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ခါးပိုက်နှိုက်မှုကျူးလွန်၍ ဖမ်းဆီးရမိခဲ့သူ(၄)ဦးအား ဥပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းအသီးသီးက အမှုများဖွင့်လှစ်ကာ တရားစွဲဆိုတင်ပို့နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
