ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ်သို့ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လာမည့် အောက်တိုဘာ ၁၃ ရက်မှစတင်၍ လေ ကြောင်းလိုင်းနှစ်ခုက ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာအမျိုးသားလေကြောင်း(MNA)မှ ရန်ကုန် -ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဥ်အား တနင်္ဂနွေ နေ့နှင့် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန်ခရီးစဥ်အား တနင်္လာနေ့တို့တွင် (ATR)အမျိုးအစားလေယာဥ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)/မင်္ဂလာလေကြောင်းမှလည်း (ATR)အမျိုးအစားလေယာဥ်ဖြင့် ရန်ကုန်-ပုသိမ်-ညောင်ဦး -မန္တလေးခရီးစဥ်အား ကြာသာပတေးနေ့နှင့် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန်ခရီးစဥ်အား သောကြာနေ့တို့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဥ်များစတင်ပျံသန်းပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ လေယာဥ်များပျံသန်းပြေးဆွဲရာ၌ လုံခြုံရေးကိုအထူးဂရုပြုရန်၊ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပျံသန်းပြေးဆွဲမှုများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးဆောင်ရွက်ရန်တို့အား မှာကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
