မွန်ပြည်နယ်၊ ပေါင်မြို့၊ ဇင်းကျိုက်ရပ်ကွက်နေ အသက်မပြည့်သေးသည့်မိန်းကလေးငယ်အား အပျော်ကြံပြီးကိုယ်ဝန်ရှိချိန်၌ ဓားဖြင့်ထိုးသတ်ခဲ့သည့် အသက်(၁၇)နှစ်အရွယ်လူငယ်ကိုဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဇင်းကျိုက်ရပ်ကွက်နေ အသက်(၁၄)နှစ်အရွယ်ရှိ မိန်းကလေးငယ်သည် အောက်တိုဘာ ၆ ရက်နေ့လည်ပိုင်းက ရေတွခွန်သို့သွားမည်ဟုပြောဆိုကာ နေအိမ်မှထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရှာဖွေမှုများပြုလုပ်ခဲ့ရာ မိန်းကလေးငယ်အား ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက ပန်းကုန်းကျေးရွာ၊ စိတ္တသုခလမ်း (အောက်ပိုင်း)ရှိတောစပ်၌ အဝတ်အစားများကျွတ်၍ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
” ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေကိုဆက် တိုက်လုပ်ခဲ့တာကြောင့် သူအိမ်ကနေထွက်သွားတဲ့ရက်က လူငယ်တစ်ယောက်သူ့ကိုဆိုင်ကယ်နဲ့တင်ခေါ်သွားတာကိုသိရတာနဲ့ အဲဒီလူငယ်ကိုဖမ်း ဆီးခဲ့ကြတယ်။ ဖမ်းမိတဲ့ရက်အတိအကျကိုတော့မသိပါဘူး။ ကျွန်တော်တို့သိရသလောက်ဆိုရင် ကောင်မလေးကို အပျော်ကြံတယ် ကိုယ် ဝန်ရှိလာတော့ အတည်ယူဖို့ပြောတဲ့အချိန် သတ်လိုက်တာလို့စစ်ဆေးပေါ်ပေါက်ထားတယ်။ အဲဒီကောင်လေးက ကောင်မလေးရဲ့နားကပ်ကိုပါဖြုတ်ယူသွားတယ်လို့သိထားပါတယ်”ဟု ဒေသ ခံတစ်ဦးကပြောသည်။
လက်ရှိအချိန်၌ အသက်မပြည့်သေးသည့် မိန်းက လေးငယ်အား ဓားဖြင့်ထိုးသတ်ခဲ့သူ ထွန်းထွန်းဝင်း(၁၇)နှစ်အား ဇင်းကျိုက်နယ်မြေစခန်း၌ ဖမ်း ဆီးထားပြီး တရားစွဲဆိုတင်ပို့နိုင်ရန် တာဝန်ရှိသူ များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
