ပြီးခဲ့သည့်လက သံသယဖြစ်ဖွယ်မြောက် ကိုရီးယားပြည်ပြေးတစ်ဦးသည် အနောက်ဘက် ပင်လယ်ရေကြောင်းနယ်စပ်ကို ဖြတ်သန်းပြီး တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့ကာ လက်ရှိတွင်တောင်ကိုရီးယား၌ နေထိုင်နေသည်ဟု တောင်ကိုရီးယား စစ်တပ်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို ပိတ်ပစ်မည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တောင်ကိုရီးယားစစ်တပ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့်ဆက်သွယ်ထားသည့် လမ်းများနှင့်ရထားလမ်းများကို အလုံးစုံ ဖြတ်တောက်ခြင်း၊ ကာကွယ်ရေးအဆောက်အအုံများ တည်ဆောက်ခြင်းတို့ဖြင့် တောင်ပိုင်းနယ်စပ်ကို ရာသက်ပန် ပိတ်သွားမည်ဟု မြောက်ကိုရီးယားစစ်တပ်က ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)ဥက္ကဋ္ဌ ကင်မြောင်ဆူးကမူ နယ်စပ်ကိုပိတ်မည့် မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်သည် ပြည်တွင်းမှ အမှုထမ်းများ တောင်ကိုရီးယားဘက်သို့ ကူးပြောင်းသွားမည့်အရေးကို ဟန့်တားရန်ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း အောက်တိုဘာ ၁၀ ရက်က ပြော ကြားခဲ့သည်။
“စက်တင်ဘာလလယ်လောက်က အနောက်ပင်လယ်ထဲမှာ မြောက်ကိုရီးယားက ထွက်ခွာလာတယ်လို့ သံသယရှိရတဲ့ လူတစ်ဦးကို ကျွန်တော်တို့စစ်တပ်က ခေါ်ယူခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်”ဟု တောင်ကိုရီးယားစစ်တပ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်ထံမှ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို မတွေ့ရဘဲ မိမိတို့အနေဖြင့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်တွင် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးသည် သစ်သားလှေတစ်စင်းဖြင့် ပင်လယ်ကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးသည် နှစ်နိုင်ငံမြေပြင် နယ်စပ်ကိုဖြတ်သန်းပြီး တောင်ကိုရီးယားဘက်ကို ဝင်ရောက်မှု၊ နောက်ထပ် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးသည် ဟန်မြစ်၏ ကြားခံဇုန်ကိုဖြတ်ပြီး တောင်ကိုရီးယားဘက်သို့ ဝင်ရောက်မှု အစရှိသည့်ဖြစ်စဉ်နှစ်ခုရှိခဲ့ကြောင်း သြဂုတ်လအတွင်းက တောင်ကိုရီးယားက ထုတ်ပြန်ခဲ့ပြီးနောက် ယခုဖြစ်စဉ်ကို ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် နယ်စပ်ဒေသတွင် သောင်းနှင့်ချီသည့် မြေမြှုပ်မိုင်းများ၊ အတားအဆီးများကို တည်ဆောက်ခဲ့ပြီး ထိုသို့ မြေမြှုပ်မိုင်းများ မြှုပ်နှံချိန်တွင် မတော်တဆ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး မြောက်ကိုရီးယား စစ်သားအချို့ သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားက ဇူလိုင်လအတွင်း ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲ အဆုံးသတ်သည့် ၁၉၅၉ ပြည့်နှစ်ကတည်းက သောင်းနှင့်ချီသည့် မြောက်ကိုရီးယား နိုင်ငံသားများသည် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့ပြီးအများစုသည် တရုတ်နိုင်ငံသို့ အရင်ဆုံးဝင်ရောက်ကာ တရုတ်မှတစ်ဆင့် ထိုင်းသို့သွားရောက်ပြီးနောက် အဆုံးသတ်တွင် တောင်ကိုရီးယားသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
