Top News

ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအကျလိုက်နာပေးကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် မေတ္တာရပ်ခံပြောကြား
24htopnews | October 12, 2024 10:12 AM CST

ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအကျလိုက်နာပေးကြရန် မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဇန်နဝါရီ၂၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ ့မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေသည့် လင်းယုန်စီမံချက်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် အနူးအညွတ်မေတ္တာရပ်ခံခဲ့သည်။

“ပြည်နယ်အနေနဲ့ ၁၀ မြို့နယ်တည်းရှိပေမယ့် ယာဉ်မတော်တဆမှုတွေကြောင့် လမ်းမတွေပေါ်မှာ အသက်သေဆုံးမှုတွေဟာ တစ်နှစ်ကို ၃၅၀ ကနေ ၄၀၀ ကြားမှာရှိနေတာ ပုံမှန်လိုဖြစ်နေပါတယ်။ ယာဉ်မတော်တဆမှုတွေကြောင့် တစ်ရက်ကိုတစ်ယောက်ထက် မနည်းသေဆုံးမှုတွေရှိသလို တစ်ရက်ကို သုံး၊ လေးယောက်လောက် ဒုက္ခိတ ဖြစ်နေရပါတယ်။ ပြည်သူတွေရဲ့အသက်တွေ မဆုံးရှုံးရအောင်၊ ကိုယ်လက်အင်္ဂါတွေ မဆုံးရှုံးရအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နဲ့ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားပါမယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာကြမယ်ဆိုရင် ယာဉ်အန္တရာယ်ကင်းဝေးကြမှာဖြစ်ပါတယ်။ ဆိုင်ကယ်စီးရင်လည်း ဦးထုပ်ဆောင်းကြပါ။ နောက်ကြည့်မှန် တပ်ကြပါ။ ဆိုင်ကယ်စီးရင်း ဖုန်းမပြောကြပါနဲ ့။ သီချင်းနားမထောင်ကြပါနဲ့။ လမ်းစည်းကမ်းကို အတိအကျလိုက်နာ ပေးကြပါလို့ ကျွန်တော်အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျွန်တော်တို့က ပြည်သူလူထုရဲ့အသက်တွေ ထပ်ပြီးတော့ ဆုံးရှုံးမှုမဖြစ်ရလေအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာဖို့အတွက် ပြည် နယ်အစိုးရမှာ တာဝန်ရှိတဲ့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး အသိပညာပေးတာ။ ဖမ်းဆီးမှုတွေလုပ်ဆောင်တာ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် ဖမ်းဆီးတဲ့အချိန် ခဏလောက်ပဲ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းတာရှိတယ်။ ပြီးသွားရင် ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ စည်းကမ်းမဲ့စီးနေတာတွေ စသည်ဖြင့် စည်းကမ်းပိုင်း ပြန်ပြီးလျော့ရဲသွားတာတွေ တွေ့ရပါတယ်။ အဲဒါကြောင့် ဒီစီမံချက်ကို ဖိဖိစီးစီးနဲ့ လုပ်ဆောင်သွားမှာဖြစ် ပါတယ်” ဟု ပြောကြားသည်။

တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့ အလွယ်တကူ သွားလာနိုင်သည့် လမ်းများလည်း ပေါ်ပေါက်လာပြီး ယင်းလမ်းများကို အသုံးပြုနေကြသော ဆိုင်ကယ်၊ ကား၊ သုံးဘီးဆိုင်ကယ် စသည်ဖြင့် ယာဉ်အတော်များများသည် နဂိုသတ်မှတ်ထားသော မိုင်နှုန်းထက် ပိုမိုမောင်းနှင်နေကြသည်ကိုလည်း တွေ့မြင်နေရကြောင်း၊ အဆိုးရွားဆုံးအချက်အနေဖြင့် ဆိုင်ကယ်နှင့်ပတ်သက်ပြီး သတ်မှတ်ချက်များအား လိုက်နာမှုမရှိတာကို တွေ့ရှိနေရကြောင်း၊ အဓိကအားဖြင့် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန် မတပ်ခြင်း၊ ဆိုက်ကယ်တစ်စီးတည်းကို သုံးယောက်၊ လေးယောက်စီးခြင်း၊ ကလေးအားချီ၍ ဆိုင်ကယ်စီးခြင်းစသည်ဖြင့် ပုံစံမျိုးစုံ တွေ့မြင်နေရကြောင်းနှင့် ဆိုင်ကယ်အား စည်းကမ်းတကျ မောင်းနှင်ကြရန် ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် လင်းယုန်စီမံချက် စတင်ခဲ့သည့် ဇန်နဝါရီ ၁၅ ရက်မှ ၂၀ ရက်အထိ ခြောက်ရက်တာကာလအတွင်း ယာဉ်အစီးရေ ၂၆၂၀ အရေးယူခဲ့ကြောင်း သိရသည်။               

 


READ NEXT
Cancel OK