နဝတအစိုးရလက်ထက် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစား ဗိုလ်မှူးချုပ်အေဘဲလ်၏ စျာပနအား ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်တွင် ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့သည်။
ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ကက်တလစ်သာသနာဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်လ်ချားစ်ဘို တက်ရောက်ကာ ဆုတောင်းပွဲအခမ်းအနားအား ဦးဆောင်ပြုလုပ်ခဲ့သည်။
ထို့ပြင် အဆိုပါစျာပနသို့ ခရစ်ယာန်ဆရာတော်များ၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ် အေဘဲလ်၏ မိတ်ဆွေများနှင့် မိသားစုဝင်များ လာရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေးတို့လည်း တက်ရောက်ခဲ့သည်။
စျာပနအစီအစဉ်အစတွင် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခြင်း၊ ယင်းနောက် မစ္ဆာတရားတော်မြတ်အခမ်းအနား၊ ဆုတောင်းမေတ္တာပို့သခြင်း၊ စျာပနအခမ်းအနား လာရောက်သူများအား ခရစ်ယာန်ဆရာတော်တစ်ပါးမှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုဝင်များမှ နောက်ဆုံးနှုတ်ဆက်ခြင်း၊ ဧည့်သည်များနှင့် မိသားစုဝင်များအား ခရစ်ယာန်ဆရာတော်များမှ မေတ္တာရေဖြင့် ပက်ဖျန်းနှုတ်ဆက်ခြင်း၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ်အေဘဲလ်အတွက် ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ငြိမ်သက်ခြင်းနှင့် နောက်ဆုံးတွင် ဂူသွင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
အငြိမ်းစားဗိုလ်မှူးချုပ် အေဘဲလ်သည် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ဆောင်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးချုပ်အေဘဲလ်သည် နဝတအစိုးရလက်ထက်တွင် ကုန်သွယ်ရေးဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်လည်း ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
