ဟဲဟိုးလေဆိပ် လေယာဉ်ပြေးလမ်းအတွင်း ကားဖြင့် ဝင်ရောက် မောင်းနှင်ခဲ့သူအား အမှုဖွင့်အရေးယူထားပြီး ၎င်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း အလားတူပြစ်မှုမျိုး ကျူးလွန်ထားသူဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ဇန်နဝါရီလ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ရှမ်းပြည်နယ် ဟဲဟိုးမြို့ ဟဲဟိုးလေဆိပ်၊ လေယာဉ်ပြေးလမ်းအတွင်းသို့ လေယာဉ်ဆီ တင်ဆောင်သည့် ကားများ ဝင်ပေါက်မှ ကားတစ်စီး မောင်းဝင်လာမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ လေယာဉ်ပြေးလမ်းအတွင်း ကားဖြင့် ဝင်ရောက် မောင်းနှင်လာသဖြင့် လေဆိပ် တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဟဲဟိုးလေဆိပ် မန်နေဂျာက ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲလောက်မှာ လေယာဉ်ဆီဖြည့်တဲ့ ကားတွေ ဝင်တဲ့အပေါက်ကနေ ကားတစ်စီးက မောင်းဝင်လာတာတွေ့လို့ လေဆိပ်တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ ကားကို မောင်းနှင်လာတဲ့ အောင်ထွန်းလေး ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။ ကျူးလွန်သူကို ဟဲဟိုးလေဆိပ် မန်နေဂျာက ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။ ကျူးလွန်သူက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းထဲကို ကားနဲ့ မောင်းဝင်ခဲ့လို့ အရေးယူခံထားရသူ ဆိုတာလည်း မှန်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဠ်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ယင်းသို့ ဟဲဟိုးလေဆိပ် လေယာဉ်ပြေးလမ်းအတွင်း ကားဖြင့် ဝင်ရောက်မောင်းနှင်ခဲ့သူမှာ အောင်ထွန်းလေး ဆိုသူဖြစ်ပြီး ၎င်းမှာ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။ ၎င်းနှင့်အတူ မောင်းနှင်လာသော ယာဉ်မှာ YGN 6P--- နံပါတ် တပ်ဆင်ထားသည့် Ranger Ford Double Club အမျိုးအစား အနက်ရောင် ဖြစ်သည်။
၎င်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းအတွင်း ဝင်ရောက် မောင်းနှင်ခဲ့စဉ်က ယာဉ်ပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲသည့် ပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကာ၊ ယင်းသို့ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ် နှစ်လ ကျခံခဲ့ရဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
