ငွေကြေးလိမ်လည်မှုများဖြင့် တရားစွဲခံထားရသည့် ဒေါ်နန္ဒမာလာအား မင်္ဂလာဒုံမြို့ နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်နန္ဒမာလာမှာ ကျပ်သိန်း ၁၀၀၀ ကျော် လိမ်လည်မှုဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသည်။
ဇန်နဝါရီ ၂၁ ရက် ရုံးချိန်းတွင် ဒေါ်နန္ဒ မာလာဘက်မှ အာမခံရရှိရန် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း၊ တရားခွင်တွင် နှစ်ဖက်ရှေ့နေ ပါ၀ါတင်ခဲ့ကြောင်း သိရသည်။
“ပါ၀ါတင်တဲ့အခါကျတော့ တစ်ဖက်က အာမခံရရေး လျှောက်တယ်။ တရားလိုဘက်က ရှေ့နေက ဥပဒေကနေပြီး ကန့်ကွက်တယ်။ ကန့်ကွက်တဲ့အထဲမှာ ပြစ်ချက်ဟောင်း ၇၅ ကို မင်္ဂလာဒုံရဲစခန်းမှာဖွင့်ထားတဲ့ တိုင်တန်းချက်တွေရော ထည့်ထားတယ်။ နောက်ပြီးတော့ မန္တလေးမှာစွဲထားတဲ့ အမှုစစ်နေတဲ့ ကိစ္စတွေရော လှိုင်မြို့နယ်ရဲ့ကိစ္စတွေပါ တင်ပြထားပြီးတော့ အာမခံမပေးဖို့ လျှောက်ထားတယ်” ဟု ဒေါ်နန္ဒမာလာအား ငွေကြေးလိမ်လည်မှုဖြင့် အမှုဖွင့်ထားသည့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေက ပြောကြားသည်။
ဒေါ်နန္ဒမာလာအား အာမခံပေးသင့် မပေးသင့်အား လာမည့်ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်းသိရပြီး အဆိုပါအမှုမှာ မင်္ဂလာဒုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ဒေါ်နန္ဒမာလာမှာ လှိုင်မြို့နယ် တရားရုံးတွင်လည်း ကျပ်သိန်းထောင်နှင့်ချီကာ လိမ်လည်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရပြီး အာမခံပေးသင့်၊ မပေးသင့်ကို ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းတွင် တရားရုံးက ဆုံးဖြတ်ချက် ပေးခဲ့ရာတွင် ကျပ်သိန်း ၅၀၀၀ ဖြင့် အာမခံသူနှစ်ဦး စုစုပေါင်း ကျပ်သိန်း တစ်သောင်းဖြင့် အာမခံပေးရန် အမိန့်ချမှတ်ခဲ့သော်လည်း အာမခံကြေး အပြည့်အဝ တင်ပြနိုင်ခဲ့ခြင်းမရှိသဖြင့် ၎င်းအား ဇန်နဝါရီ ၂၈ ရက်အထိ ချုပ်မိန့် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
မြဝတီဦးပိုင်လုပ်ငန်းတွင် စက်သုံးဆီကိစ္စများ ရင်းနှီးမြုပ်နှံခြင်းမှ အကျိုးအမြတ်များရရှိမည်ဟုဆိုကာ တရားလိုထံမှ ဒေါ်နန္ဒမာလာက ကျပ် သိန်း ၂၆၀၀ အား လိမ်လည်ခဲ့ ခြင်းဖြစ်ပြီး လှိုင်မြို့နယ်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၄၂ဝဖြင့် လက်ခံစစ်ဆေးရန် ဆုံး ဖြတ်ခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
