သရေခေတ္တရာပျူခေတ် မိဖုရားလောင်းတစ်ဦးဖြစ်သူ သုံးပန်လှမင်းသမီး မြှုပ်နှံထားရာ နေရာအား ရှေးဟောင်းသုတေသနက စနစ်တကျ ပြန်လည်တူးဖော်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
အဆိုပါ သုံးပန်လှမင်းသမီး မြှုပ်နှံထားရာ ဂူသင်္ချိုင်းမှာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ဆင်မြီးဆွဲမြို့နယ် ကိုယ်ကြီးမြှုပ်ကျေးရွာတွင် တည်ရှိပြီး ပျူခေတ်လက်ရာ အဆောက်အအုံတစ်ခုဖြစ်ပြီး ယခင်တူးဖော်မှုတွင် စနစ်တကျတူးဖော်ခြင်းမရှိခဲ့၍ ရေကန်ကြီးသဖွယ်ဖြစ်နေကာ ယခုပြန်လည်တူးဖော်မှုကို ရှေးဟောင်းသုတေသနဌာနက စနစ်တကျတူးဖော်မည်ဖြစ်ကြောင်း သိရသည်။
“ပြန်လည်တူးဖော်ဖို့ကို တိုင်းဒေသကြီး ခွင့်ပြုချက်လည်းရပြီ။ နေပြည်တော်ကိုလည်း တင်ထားပြီးရပြီပေါ့။ ဒါပေမဲ့ ငွေသုံးစွဲခွင့်ပေါ့နော်။ စတင်သုံးစွဲမယ်၊ လုပ်ငန်းစတင်ပါတော့မယ်ဆိုပြီး ငွေသုံးစွဲခွင့်ကို တင်ထားပြီ။ စတင်ပြီး လုပ်ငန်းသုံးစွဲခွင့် ၂၅ ရာခိုင်နှုန်းကို ခွင့်ပြုတာနဲ့ စတင်မယ်။ ဇန်နဝါရီလကုန်လောက်ကို စတင်မယ်လို့ မှန်းတယ်။ နောက်အကျဆုံး ဖေဖော်ဝါရီလဆန်းပိုင်းပေါ့” ဟု ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ၊ သရေခေတ္တရာဌာနစု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။
ယင်းတူးဖော်မှုကို မြန်မာငွေကျပ် သိန်း ၃၇၀ ကုန်ကျခံကာ တူးဖော်မည်ဖြစ်ပြီး တူးဖော်ရာတွင် ရှေးဟောင်းလက်ရာများကို ထိခိုက်မှုမရှိ၊ ထွက်ပေါ်လာသည့် ပစ္စည်းများကိုလည်း ယူဆောင်သွားမည်မဟုတ်ဘဲ ဒေသခံများကို ထိန်းသိမ်းမှုနည်းလမ်းများနှင့် ယင်းလက်ရာများကို ချစ်ခင်တတ်စေရန် ပညာပေးမှုများ လုပ်ဆောင်ကာ ဒေသခံများကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှသိရသည်။
“ကျွန်တော်တို့ တူးလေ့တူးထရှိတာ လုံးဝမတူးဖော်ရသေးတဲ့ မတူးဆွရသေးတဲ့ မတို့မထိရသေးတဲ့ အရာတွေကို တူးတယ်။ အခု သုံးပန်လှနေရာကတော့ အရင်တူးဖော်ပြီးသား ရေကန်ကြီးလိုဖြစ်နေတယ်။ ဒီအဆောက်အအုံထဲမှာ အတူတွဲရှိနေမယ့် ပစ္စည်းကို အဓိကထား တူးတဲ့နည်းမျိုးပေါ့။ တူးတဲ့အခါမှာလည်း မြေလွှာစွန့်ပစ်မှုမှာ စနစ်တကျ မတူး၊ ဘေးကိုပက်ထုတ်တဲ့အတွက် အခုကျတော့ အထဲကရှိနေတဲ့ အဆောက်အအုံက တစ်စွန်းတစ်စပေါ်လာပြီး မြေကြီးတွေကို အလျင်အမြန်တူးဖယ်လိုက်တဲ့အတွက် ဘေးပတ်ချာလည်မှာ ရေကန်ကြီးလိုဖြစ်နေတယ်။ တူးဖော်မှု လုပ်ငန်းစဉ်တွေကတော့ ဒီလိုလုပ်လို့မရဘူး။ ရှေးဟောင်းနည်းအရ စနစ်တကျတစ်လွှာချင်း တူးဖော်ရတာဖြစ်ပါတယ်” ဟု ဦးကျော်မျိုးဝင်းက ဆက်လက်ပြောကြားသည်။
ယခင်တူးဖော်မှုကို ၁၉၉၈ ခုနှစ်က ဦးမန်းဝင်းခိုင်သန်း ဦးဆောင်ကာ တူးဖော်ခဲ့ပြီး အောင်မြင်မှုမရခဲ့ဘဲ တူးဖော်မှုကိုရပ်ဆိုင်းခဲ့ရကြောင်း၊ ယင်းအပြင်သိုက်ဆရာများကလည်း လာရောက်တူးဖော်ခဲ့ဖူးပြီး အောင်မြင်ခြင်းမရှိဘဲ ထွက်ပြေးသွားရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ သုံးပန်လှမင်းသမီးမှာ တောင်ညိုမင်း၏ နှမတော်ဖြစ်ပြီး သရေခေတ္တရာ ဒွတ္တဘောင်မင်းအား မိဖုရားအဖြစ်ဆက်သခဲ့ရာ သရေခေတ္တရာမြို့သို့ ခေါ်ဆောင်လာစဉ် အခြားမိဖုရားနှင့် မှူးမတ်များ၏ ပြောကြားချက်အရ နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ဘဲ ရှက်စိတ်ဖြင့်ထွက်ခွာသွားရင်း ရင်ကွဲနာကျသေခဲ့ရကာ ကိုယ်ကြီးမြုှပ်ကျေးရွာတွင် မြှုပ်နှံခဲ့ရပြီး စစ်သူကြီးလေးဦးနှင့်အတူ ရွှေတလား၊ ငွေတလားခေါင်းများဖြင့် မြှုပ်နှံခဲ့ကြောင်း ဒေသခံများက ယနေ့အထိ ယုံကြည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
