ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရှစ်ဦးအား မူးယစ်မှုဖြင့် တရားစွဲဆိုထားသည့်အမှုတွင် ဖြိုးကိုကိုတင့်ဆန်းပါ လေးဦးမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်နှင့် ရန်ကုန်မှ မှုခင်းဆရာဝန်များက ဒက္ခိဏခရိုင်တရားရုံးသို့ လာရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။
နေပြည်တော်တွင် မူးယစ်မှုဖြင့် တရားစွဲဆို ခံထားရသည့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ခုနစ်ဦးရှိပြီး ၎င်းတို့ထဲတွင် ဖြိုးကိုကိုတင့်ဆန်း၊ ဇော်မင်းထိုက်နှင့် ရန်အောင်စိုးတို့ မှာ မူးယစ်ဆေးဝါး စစ်ဆေးရေးဘုတ်အဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ ဒေါက်တာ ရဲဝင်းထွဋ် က ထွက်ဆိုခဲ့သည်။
ထို့ပြင် ရန်ကုန်တွင် မူးယစ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဖြိုးဘိုဘိုမှာလည်း မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ရန်ကုန်မှ မှုခင်းဆရာဝန် ဒေါက်အောင်မျိုးသက်က တရားရုံးတွင် လာရောက် ထွက်ဆိုခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လေးဦးမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်ဟု ဆရာဝန်များက လာရောက် ထွက်ဆိုခဲ့သည့်အပြင် စိတ်ရောဂါကု အထူးကုဆရာဝန်ကြီး၊ မှုခင်းဆရာဝန်ကြီးနှင့် ဆေးရုံအုပ်တို့၏ လက်မှတ်များ ပါဝင်သည့် ဆေးစာအား တရားရုံးတော်သို့ တင်သွင်းခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြသက်သေ ၄၀၃ ဦးရှိကာ တရားလိုပြ သက်သေ ၁၈၀ ကျော် စစ်ဆေးထားကြောင်း သိရသည်။
ထို့ပြင် တရားစွဲဆိုထားသည့် ရန်ကုန် နှင့် နေပြည်တော် အမှုများမှ တရားလိုပြသက်သေ ရဲဝန်ထမ်း ၆၀ ကျော် စစ်ဆေးရန် ကျန်ရှိနေပြီး ၎င်းတို့အား စစ်ဆေးပြီးမှသာ အရပ်ဘက် တရားလိုပြသက်သေများအား ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား နေပြည်တော်တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှု နှစ်မှုရှိပြီး ရန်ကုန်တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ခုနစ်မှုနှင့် တရားခံပြေးမှု လေးမှု စုစုပေါင်း ၂၃ မှုရှိ ကြောင်း သိရသည်။
နေပြည်တော်နှင့် ရန်ကုန်တွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် စွပ်စွဲခံရသည့် တရားခံ ၁၂ ဦးရှိပြီး ရန်ကုန်မှ စွပ်စွဲခံရသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးအနက် အမျိုးသမီးအား ခံဝန်အာမခံဖြင့် လွှတ်ပေးထားကြောင်း သိရသည်။
ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ပထမဆုံးအကြိမ် ရုံးထုတ်စဉ်က ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ရဲစခန်းမှ လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ)/ ၂၀၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉-က/ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ၇ ၊ လက်နက်အက်ဥပဒေ ၁၉(စ)/၁၉(က)နှင့် တရားခံပြေးမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
ထို့ပြင် ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ဒုတိယအကြိမ် ရုံးထုတ်စဉ်က တရားစွဲဆိုခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ရာဇသတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာနယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈၊ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆(၃) ဖြင့် တတိယအကြိမ် ရုံးထုတ်စဉ်က ထပ်မံတရားစွဲဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
