တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း နှစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ နှစ်ရာခိုင်နှုန်းခန့်၊ ကျန်းမာရေးကုန်ကျစရိတ် ငါးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် တစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် စက်တင်ဘာလထက် အစားအစာအုပ်စု ၂ ဒသမ ၂၆ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၃ ဒသမ ၈၀ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၁ ဒသမ ၇၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၃ ဒသမ ၁၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၅ ဒသမ ၁၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁ ဒသမ ၆၂ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်အုပ်စု ၈ ဒသမ ၀၇ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၅ ဒသမ ၁၀ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သော အုပ်စု ၁ ဒသမ ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် စက်တင်ဘာနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ကျဆင်းခဲ့သည့် ကဏ္ဍများမှာ သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် ဆက်သွယ်ရေးအုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ ၅ ဒသမ ၇၁ ရာခိုင်နှုန်းနှင့် သုည ဒသမ ၂၁ ရာခိုင်နှုန်းတို့ဖြစ်သည်။
၂၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၃ ဒသမ ၁၀ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။
ယခင်လနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာတွင် အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုတို့မှာ အနည်းငယ်မြင့်တက်ခဲ့ပြီး အစားအစာအုပ်စု၊ ကျန်းမာရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့မှာ သိသာစွာ မြင့်တက်ခဲ့သည်။ အဝတ်အထည်အုပ်စု၊ ဆက်သွယ်ရေးအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုတို့မှာ ယခင်လထက် ကျဆင်းနေသည်။
စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၇၆ ဒသမ ၅၁ ဖြစ်ပြီး အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ရှိသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် အုပ်စုအားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၁၀ ဖြစ်ပြီး ယခင်လ၏ စားသုံးသူစျေးဆနှုန်း ၁၆၂ ဒသမ ၀၅ နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၆၅ ရာခိုင်နှုန်းမြင့်တက်လာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်းတည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၇၁ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၅ ဒသမ ၄၈ နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ၏ စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၁၀ ဖြစ်သဖြင့် ယခင်နှစ်အလားတူလ၏အခြေအနေ ၁၅၉ ဒသမ ၈၅ နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ၏ Core CPI မှာ ၁၄၅ ဒသမ ၇၁ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ Core CPI အခြေအနေ ၁၃၉ ဒသမ ၁၂ နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၅၁ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၄ ဒသမ ၇၁ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဆန် (ဧည့်မထ)၊ စားသုံးဆီ၊ ဝက်သား၊ အမဲသား၊ ဘဲဥ၊ ငါးမြစ်ချင်း၊ ပုစွန်ခြောက်နှင့် ငါးရံ့ခြောက်စျေးနှုန်းများ အသီးသီးမြင့်တက်လာသော်လည်း ကြက်သား၊ ကြက်ဥ၊ ငါးခူနှင့် ငါးရံ့စျေးနှုန်းများ ကျဆင်းလာသည်။ စားဖိုဆောင်သီးနှံများ ဖြစ်သော ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာသကဲ့သို့ ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီး စျေးနှုန်းများ သိသိသာသာမြင့်တက်လာကာ ဘူးသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ ကန်စွန်းရွက်နှင့် ပဲတောင့်ရှည်စျေးနှုန်းများလည်း အနည်းငယ် မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ဖြစ်သဖြင့် ယခင်လအခြေအနေနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
