ရာဝမ်ဒါနိုင်ငံတွင် မားဘာ့ဂျ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီးထို နိုင်ငံသို့ ခရီးသွားလာမှုတားမြစ်ပိတ်ပင်ရန် မလိုအပ်တော့ကြောင်း အာဖရိကထိပ်သီး ပြည်သူ့ကျန်းမာရေးအေဂျင်စီက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ရာဝမ်ဒါနိုင်ငံတွင် စက်တင်ဘာ၂၇ ရက်က မားဘာ့ဂျ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး သေဆုံးသူ ၁၃ ဦးရှိကြောင်း ဖော်ပြထားသည်။
မားဘာ့ဂျ်ဗိုင်းရပ်စ်အတွက် ခွင့်ပြုထားသည့် ကာကွယ်ဆေးသို့မဟုတ် ကုသဆေးမရှိ သေးပေ။ လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်အခြေစိုက် Sabin Vaccine Institute မှ စမ်းသပ်ဆဲ ကာကွယ်ဆေးအလုံးရေ ၇၀၀ ကို ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ်ကူညီရေးအဖွဲ့များအပြင် ရောဂါကူးစက်ခံရသူနှင့် အနီးကပ် ထိတွေ့မှုရှိသူများအတွက် အသုံးပြုနိုင်ရန် ရာဝမ်ဒါသို့ ပေးပို့ခဲ့သည်။
ရာဝမ်ဒါနိုင်ငံပြင်ပသို့ မားဘာ့ဂျ်ရောဂါ ကူးစက်ပျံ့နှံ့နိုင်ခြေ မရှိလုနီးပါးဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ယန်းကာဆီရာကဆိုသည်။ မားဘာ့ဂျ်ဗိုင်းရပ်စ်ကို တုံ့ပြန်မှုတွင် အစိုးရတာဝန်ရှိသူများ၏ အားကောင်းသော ကြိုးပမ်းဆောင်ရွက်မှုများအတွက်က ကာဆီရာက ချီးကျူး ပြောကြားခဲ့သည်။
“ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုရှိသူတွေကို ခြေရာခံတဲ့ အစိုးရရဲ့ လုပ်ဆောင်မှု ယန္တရားကြောင့် နိုင်ငံပြင်ပကို ဗိုင်းရပ်စ်ပျံ့နှံ့တဲ့ ဖြစ်စဉ်မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
“ရာဝမ်ဒါအစိုးရက ထိတွေ့မှုရှိသူတိုင်းကို နေ့စဉ်စောင့်ကြည့်တာတွေ လုပ်ဆောင်တဲ့အတွက် ဒီလိုအံ့မခန်း ရလဒ် ထွက်ပေါ်လာတာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ရာဝမ်ဒါသို့ ၎င်း၏ ခရီးသွားအကြံပြုချက်ကို အောက်တိုဘာ ၇ ရက်က ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး အသစ်ထုတ်ပြန်ချက်၌ ရာဝမ်ဒါသို့ မဖြစ်မနေမလိုအပ်ဘဲ ခရီးသွားလာမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တိုက်တွန်းထားသည်။
အာဖရိက CDC သို့မဟုတ် ရာဝမ်ဒါ နှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ယင်းဆုံးဖြတ်ချက်သည် လေးစားမှုမရှိရာရောက်ကြောင်း ကာဆီရာက ဆိုသည်။ရာဝမ်ဒါအနေဖြင့် ကူးစက်မှုဖြစ်စဉ်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နေသောကြောင့် ခရီးသွားလာမှု တားမြစ်ကန့်သတ်ချက် အကြံပြုချက်များဖြင့် အပြစ်ဒဏ်မခံရသင့်ကြောင်း ကာဆီရာက ဆိုသည်။
မားဘာ့ဂျ်ဗိုင်းရပ်စ်သည် အလွန်ကြောက်စရာကောင်းပြီး ပြင်းထန်သော ရောဂါဝေဒနာကို ဖြစ်စေကာ သွေးယိုခြင်းများလည်း ဖြစ်ပေါ်တတ်သည်။ ၎င်းဗိုင်းရပ်စ်သည် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအများအပြားကို ပစ်မှတ်ထားတတ်ပြီး ခန္ဓာကိုယ်၏ အလိုအလျောက် လှုပ်ရှားနိုင်စွမ်းကို လျော့ကျစေသည်ဟု သိရသည်။
၎င်းဗိုင်းရပ်စ်သည် ယခင်က အာဖရိကဒေသတွင် အကြီးအကျယ် ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့် အီဘိုလာဗိုင်းရပ်စ် ပါဝင်သော Filovirus ၏ မျိုးရင်းဝင်ဖြစ်သည်။
Marburg ဗိုင်းရပ်စ်၏ သဘာဝလက်ခံကောင်သည် အာဖရိက လင်းနို့တစ်မျိုးဖြစ်ပြီး ယင်းသည် ဗိုင်းရပ်စ်ကို သယ်ဆောင်ဖြန့်ဖြူးနိုင်သော်လည်း အဆိုပါဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားလေ့မရှိပေ။သို့သော် ထိုလင်းနို့များ သည် လူသားများ အပါအဝင် အနီးဝန်းကျင်ရှိ နို့တိုက်သတ္တဝါများဆီသို့ ဗိုင်းရပ်စ်ကို သယ်ဆောင် ဖြန့်ဖြူးနိုင်စွမ်းရှိကာ လူအချင်းချင်း ကူးစက်မှုများ ဖြစ်စေနိုင်သည်။
Ref:AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
