ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းအနောက်မြောက်ဘက် (၁၇) မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား မဂ္ဂနီကျု (၃.၅) အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ယမန်နေ့ အောက်တိုဘာ (၁၁) ရက် ည (၈)နာရီ (၃၆)မိနစ်အချိန်က ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်ငယ်သည် မြန်မာနိုင်ငံပြည်တွင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတအနောက်မြောက်၊ ပြည်မြို့မှ အနောက်တောင်ဘက်ပိုင်း (၂၈) မိုင်၊ ကြံခင်းအနောက်မြောက်ဘက် (၁၇) မိုင်အကွာ၊ တုံကင်းကျေးရွာကို ဗဟိုပြုကာ မြေအောက်အနက် (၄) မိုင်ခန့်မှ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း မြေငလျင်သတင်းများစင်တာမှ တိုင်းထွာချက်အရ သိရသည်။
ထို့ပြင် အောက်တိုဘာ (၁၁) ရက်၊ နံနက် (၁၁)နာရီ (၁၀)မိနစ်အချိန်ကလည်း မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးတိုင်းဒေသကြီး ရွှေဘိုမြို့မှ မြောက်ဘက်ပိုင်း (၃၃) မိုင်ခန့်အကွာ၊ ခင်ဦးမြို့အရှေ့မြောက် (၂၅) မိုင်ခန့်ဝေးသည့် သာယာမွန်ဘုန်းကြီးကျောင်းအနီး မြေအောက်အနက် (၆.၂) မိုင်ခန့်ကို ဗဟိုပြုကာ မဂ္ဂနီကျု ၄.၉ အဆင့် ငလျင်ငယ် လှုပ်ရှားသွားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ မြေငလျင် မလှုပ်ရှားစဉ် မြေငလျင်ကြိုအဖြစ်အောက်တိုဘာ (၁၁) ရက်၊ နံနက် (၁၀)နာရီ (၄၉)မိနစ်အချိန်က မိုးကုတ်မြို့မှ အနောက်ယွန်းယွန်း (၂၅) မိုင်ခန့်အကွာ၊ (၆) မိုင်ဘုန်းကြီးကျောင်းအနီးက မြေအောက်အနက် (၆) မိုင်မှ မဂ္ဂနီကျု (၃.၈) အဆင့်ရှိ မြေငလျင်ငယ်မှာ နာရီခြား လှုပ်ရှားသွားခဲ့သေးကြောင်း တိုင်းထွာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
