■ ဒဏ်ရာများကြားမှ နိုးထပြရတော့မယ့် စပိန်
24htopnews | October 12, 2024 12:12 PM CST
ဒီတစ်ပတ်ကစားရမယ့် UEFA Nations League ပွဲစဉ်တွေက လက်ရှိချန်ပီယံစပိန်အသင်းအတွက်တော့ ဖိအားနည်းနည်း ရှိလာတယ်။ စပိန်အသင်းရဲ့ ဒီတစ်ခေါက်ပြိုင်ဘက်တွေက ဒိန်းမတ်နဲ့ ဆားဘီးယားတို့ပါ။ စပိန်ဟာ လက်ရှိ UEFA Nations League ရဲ့ League - A အုပ်စု (D)မှာ (၄)မှတ်ပဲရသေးပြီး အုပ်စုဒုတိယနေရာကို ရောက်နေတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ Nations League ပွဲစဉ်တွေမှာ ဆားဘီးယားနဲ့ ဂိုးမရှိသရေကျပြီး ဆွစ်ဇာလန်ကိုတော့ (၄-၁)ဂိုးနဲ ့နိုင်ထားတယ်။ စပိန်ရဲ့ အုပ်စုမှာ ဦးဆောင်နေတဲ့အသင်းက ဒိန်းမတ်ဖြစ်ပြီး (၂)ပွဲကစား၊ (၂) ပွဲနိုင် ရမှတ် (၆)မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်တယ်။ ဒါကြောင့် စပိန်အသင်းအတွက်တော့ လက်ရှိချန်ပီယံဘွဲ့ကိုဆက်ထိန်းနိုင်ရေးအတွက် အုပ်စုပထမနေရာကနေ ဆီမီးဖိုင်နယ်ရောက်ဖို့လိုအပ်နေပြီး ဒီတစ်ပတ်ကစားရမယ့် အိမ်ကွင်း (၂)ပွဲစလုံးကိုအနိုင်ကစားထားနိုင်ဖို့လိုလာတယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
