ပရီးမီးယားလိဂ်နှင့် လာလီဂါတို့အကြား ကွာခြားချက်ကို အာဆင်နယ်ကွင်းလယ်ကစားသမား မယ်ရီနို ဖွင့်ဟ
24htopnews | October 12, 2024 1:12 PM CST
အာဆင်နယ်ကွင်းလယ်ကစားသမား မယ်ရီနိုက ပရီးမီးယားလိဂ်နှင့် လာလီဂါတို့အကြား ကွာခြားချက်ကို ပြောကြားခဲ့သည်။
ဆိုစီဒက်အသင်းတွင် (၆) ရာသီကြာ ကစားခဲ့သူ စပိန်ကွင်းလယ်ကစားသမား မယ်ရီနို(၂၈ နှစ်)သည် ပြီးခဲ့သည့်နွေကမှ အာဆင်နယ်အသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၄၂.၃)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် အာဆင်နယ်အသင်းတွင် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ပရီးမီးယားလိဂ်(၁) ပွဲသာ ကစားရသေးသည်။
မယ်ရီနိုက "ပရီးမီးယားလိဂ်က ကစားခွင့်ရတာ မကြာသေးလို့ သိပ်မသိသေးပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဦးစားပေးပြီး လာလီဂါကတော့ နည်းစနစ်ကို အားပေးပါတယ်။ လိဂ်နှစ်လိဂ်လုံးက ထိပ်တန်းလိဂ်တွေပါပဲ"ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
