ထိပ်တန်းအသင်းတွင် ကစားလိုကြောင်း လီဗာပူးလ်ပစ်မှတ်ထားနေသည့် ဘိုလော့ဂ်နာတောင်ပံကစားသမား နိုယီ ဝန်ခံ
24htopnews | October 12, 2024 1:12 PM CST
လီဗာပူးလ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် ဘိုလော့ဂ်နာတောင်ပံကစားသမား နိုယီက မိမိအနေဖြင့် ထိပ်တန်းအသင်းတွင် ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဆွစ်ဇာလန်လက်ရွေးစင် နိုယီ(၂၃ နှစ်)သည် တောင်ပံတိုက်စစ်တွင်သာမက တောင်ပံခံစစ်နေရာတွင်လည်း ကစားနိုင်သလို တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သူဖြစ်ကြောင်း သိရှိရသည်။
နိုယီက "ကျွန်တော့်အနေနဲ့ ကမ္ဘာ့ထိပ်တန်းအသင်းကြီးတွေမှာ ကစားဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ ထိပ်တန်းအသင်းကြီးတွေမှာ ကစားဖို့ ကျွန်တော့်မှာ အရည်အချင်းရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ကန့်သတ်ချက် မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
နိုယီအား လီဗာပူးလ်အပြင် မန်ယူအသင်းကလည်း ခေါ်ယူလိုနေကြောင်း သိရသည်။ နိုယီသည် ယခုရာသီတွင် ဘိုလော့ဂ်နာအသင်းအတွက် စီးရီးအေ ၅ ပွဲ နှင့် ချန်ပီယံလိဂ် ၂ ပွဲ ကစားထားသူဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
