ဖနွမ်းပင်၊အောက်တိုဘာ ၁၁
လန်ချန်း – မဲခေါင်ဒေသခွဲသည် အာရှဖွံ့ဖြိုးမှု၏ဗဟိုချက်အသစ်တစ်ခုအဖြစ်ပေါ်ထွက်လာပြီး ၎င်း၏ ပထဝီနိုင်ငံရေးနှင့်ပထဝီဝင်စီးပွားရေးဆိုင်ရာ အရေးပါမှုကြောင့် အာရုံစိုက်ထိုက်သော မဟာဗျူဟာမြောက်ဒေသ ဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားအရာရှိတစ်ဦးကပြောကြားခဲ့သည်။
နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး Meas Kim Heng က “လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး (LMC) – ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ဖနွမ်းပင်မြို့၌ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် တရားဝင်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လန်ချန်း – မဲခေါင် နိုင်ငံများတွင် တရုတ်၊မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ပါဝင်သည်ဟုလည်းသိရသည်။ Kim Heng က လန်ချန်း – မဲခေါင်ဒေသနိုင်ငံများ၏ အနာဂတ်ဦးတည်ချက်အတွက် ဦးစားပေးကဏ္ဍခြောက်ခုကိုအလေးပေးပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်ကို လန်ချန်း –မဲခေါင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရပ်ဝန်း ဟုအမည်ပေးထားပြီး စိုက်ပျိုးရေး၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ၊ ရေစီမံခန့်ခွဲမှု၊နိုင်ငံဖြတ်ကျော်မှုခင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များပါဝင်သည်ဟုလည်းသိရသည်။
“လန်ချန်း-မဲခေါင်နိုင်ငံများအကြား မှာပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသအတွက်ခိုင်မာသောပေါင်းစည်းမှုနှင့် ပြန်လည်ရုန်းထနိုင်စွမ်းရှိသည့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိ သော ဒေသတစ်ခုအဖြစ်သို့ ပြောင်းလဲရန် မရှိမဖြစ် ကနဦး လိုအပ်ချက်ဖြစ်သည်” ဟုလည်း၎င်းကဆိုခဲ့သည်။
လန်ချန်း-မဲခေါင်သည် ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့်ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊လုံခြုံရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ရာတွင်အရေးကြီးသည့် အခန်းကဏ္ဍမှလည်း ပါဝင်သည်ဟု ၎င်းက ပြောသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
