၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်နိုင်ငံ၏ အဏုမြူဒဏ်မှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည့်အဖွဲ့ဖြစ်သော Nihon Hidankyo က ရရှိကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။
၁၉၄၅ ခုနှစ် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များတွင် အဏုမြူဗုံးကြဲခံရသည့်ဒဏ်မှ အသက်ရှင်လျက် လွတ်မြောက်ခဲ့သည့် လူပုဂ္ဂိုလ်များစုဖွဲ့ထားသော ထိုအဖွဲ့ကို နော်ဝေးငြိမ်းချမ်းရေးနိုဘယ်ဆုကော်မတီက ဆုရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
Hibakusha ဟုခေါ်သည့် ထိုအဖွဲ့၏အဖွဲ့ဝင်များသည် နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်လိုသည့် ဆန္ဒရှိသူများ ဖြစ်သည်။
"Hibakusha အဖွဲ့ဟာ နျူကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ နောက်တစ်ကြိမ် နျူကလီးယား လက်နက်မသုံးဖို့အတွက် အားထုတ်ကြိုးပမ်း လှုပ်ရှားမှုတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်"နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ပြောကြားခဲ့သည်။
Ref:Reuters
Photo:AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
