Top News

နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် မြေပေါ်မြေအောက် သယံဇာတများကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခေါင်လန်ဖူး ဒေသခံများအား ပြောကြား
24htopnews | October 12, 2024 3:12 PM CST

နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် မြေပေါ်မြေအောက် သယံဇာတမျာအား ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁ ရက်တွင် ခေါင်လန်ဖူးဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ခေါင်လန်ဖူးဒေသသည် သွားလာရ ခက်ခဲသည့်ဒေသတစ်ခု ဖြစ်သဖြင့် အမြဲတမ်းသွားလာနိုင်သည့် ကားလမ်းတစ်ခု ဖောက်လုပ်နိုင်ရေး အစိုးရထံ တင်ပြဆောင်ရွက်ပေးခဲ့ရာ ယခုအခါ မဂွေဇမှ ဆန်းလွှတ်ချက်အထိ ဖောက်လုပ်ပြီးစီးပြီဖြစ်ပြီး ခေါင်လန်ဖူးသို့ ရောက်ရှိရန်အတွက် မိုင် ၃၀ ခန့်သာ လိုတော့ကြောင်းနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမှသာ အခြားကဏ္ဍများလည်း တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲပေးရန် ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော် အင်ဂျင်နီယာအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ယာဉ်ယန္တရားများအား တပ်မတော် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ခေါင်လန်ဖူးဒေသတွင် ဆက်သွယ်မှု လိုအပ်သည့်အတွက် MEC Tel CDMA တယ်လီဖုန်း ဆက်သွယ်ရေး စနစ်အား တပ်ဆင်ပေးခဲ့ရာ မကြာမီ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ခေါင်လန်ဖူးမြို့ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများက အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပညာရေးကဏ္ဍတွင် ဒေသခံတိုင်းရင်းသား ပညာတတ်များ ပေါ်ထွက်လာစေလိုကြောင်း၊ သင်ကြားပေးသည့်ဆရာ၊ ဆရာမများနှင့် သင်ယူကြသည် ့ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အတန်းပညာနှင့် ညီမျှသည့် ပညာတတ်မြောက်မှု ဖြစ်စေရန် မိမိဒေသကို မိမိဦးဆောင် ကာကွယ်နိုင်ရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပညာတတ်များ ထွက်ပေါ်စေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးရေးကို ထိခိုက်နှောင့်နှေးစေသည့် မူးယစ်ဆေးဝါး ပြဿနာများကို ဒေသတွင်း လုံးဝအဝင်မခံရန်နှင့် ခေါင်လန်ဖူးဒေသ ရေရရှိရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK