သဘာဝပတ်ဝန်းကျင်နှင့် လူသားအချင်းချင်း တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ကာ ကလေးတက္ကသိုလ်ခြေလျင်တောင်တက်အသင်းမှ အမြင့်ပေ ၃၁၀၀ ရှိ ကာမဲတောင်သို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
“ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ကျောင်းသူကျောင်းသားတွေ မိမိကိုယ်မိမိ တန်ဖိုးထားတတ်ဖို့ရယ်၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူသားအချင်းချင်း တန်ဖိုးထားတတ်ဖို့ရယ်၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ဖို့ရယ်ပါ။ အရေးကြီးဆုံးကတော့ စုပေါင်း လုပ်ဆောင်တတ်တဲ့ အလေ့အထကောင်းတစ်ခု ထွန်းကားစေချင်လို့ပါ” ဟု ကာမဲတောင် တက်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာဒွန်းမောင်က ပြောကြားသည် ။
ကလေးတက္ကသိုလ်ခြေလျင် တောင်တက်အသင်းတွင် အဖွဲ့ဝင်ဦးရေ ၂၁၀ ရှိပြီး ယခု ကာမဲတောင် တက်ရောက်ခဲ့သည့်အဖွဲ့တွင် ကလေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူဦးရေ ၁၁၅ ဦး ပါဝင်ခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ ဒီအဖွဲ့က နေ့စဉ်နဲ့အမျှ လမ်းလျှောက် လေ့ကျင့်ခြင်းတွေလုပ်ကြပါတယ် ။ အပတ်စဉ်ကို တော့ နီးစပ်ရာတောတွေ တောင်တွေကို သွားကြပါတယ် ။ ပထမဆုံးကတော့ တောင်ဖီလာတောင်ကို သွားပါတယ်။ နောက်တစ်ခုက ဇီးချောင်းရေတံခွန်ကို ခရီး ကြမ်းသွားပါတယ်။ နောက်တစ်ခါ ကလေးတက္ကသိုလ် အနောက်ဘက်က ရှုခင်းသာ ချင်းတောင်ပေါ်ကို တက်ကြပါတယ်။ အခု တစ်ပတ်က ဒီကာမဲတောင်ကို တက်တာပေါ့။ ကျွန်တော်တို့ ရည်ရွယ်ချက်က အခု ပညာသင်နှစ်ထဲမှာတော့ ချင်းပြည်နယ်က ၀ိတိုရိယ တောင် (ခေါ်နူးစုမ်တောင်) ကို တက်ဖို့ အစီ အစဉ်ရှိပါတယ်။ တောင်တက်အသင်းက အရင်ကတည်းကလည်း ရှိပါတယ် ။ အခုတော့ ပြန်လည် အသက်သွင်းတာပေါ့” ဟု ကလေးတက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာသာဒွန်းမောင် က ပြောကြားသည်။
ကလေးတက္ကသိုလ်ခြေလျင်တောင်တက်အဖွဲ့သည် ကလေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမရှေ့မှ ကြို့သုံးပင်ရပ်ကွက်ဆင် ရွာလမ်းခွဲမှတစ်ဆင့် အဆိုပါဆင်ရွာ၏ မြောက်ဘက် လေးဖာလုံခန့်ဖြတ်ပြီး ကာမဲတောင်သို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
“ကျွန်မ ဒီကျောင်းကိုရောက်တာ သုံး နှစ်မြောက်မှာ ဒီလိုခရီးစဉ်ထွက်တာ မရှိသေးပါဘူး ။ အသင်းသာ ဖွဲ့ဖြစ်တာ လူနည်းတော့ လှုပ်ရှားမှုမလုပ်ဖြစ်ဘူး ။ အခု ပါမောက္ခချုပ်ဆရာကြီး လက်ထက်မှ ဆရာကြီးဒေါက်တာ သာဒွန်းမောင်လက်ထက်မှာ ဆရာကြီးကလည်း စိတ်ဝင်စားတယ်။ အားလည်းပေးတယ်။ ကျွန်မတို့ ဒီနှစ်မှာ စ အသက်ဝင်သွားတာပေါ့ ။ အခုဟာတော့ မေဂျာပေါင်းစုံက စိတ်ဝင်စားတယ် ။ တခြား တက္ကသိုလ်ထက်သာတာက ကလေးတက္ကသိုလ်ဝန်းကျင်မှာက တောင်တွေက အများကြီးပဲ ၊ အဲဒီလိုဆိုတော့ ပိုပြီး အဆင်ပြေသွားတာပေါ့။ ခြေလျင်တောင်တက်ဖို့ တခြားတက္ကသိုလ်တွေထက် ပိုအဆင်ပြေတာပေါ့ ။ ကလေးတက္ကသိုလ်တွေအနေနဲ့ ကျွန်မ မတိုင်ခင်ကတော့ မကြားဖူးဘူး။ တက် ဖြစ်လား၊ မတက်ဖြစ်လားမသိဘူး။ ကျွန်မ ရောက်ပြီး ပထမဆုံးခရီးစဉ်ပေါ့။ အရင်တောင် တွေက နိမ့်သေးတာပေါ့ ။ အခု တက်ဖြစ်တဲ့ တောင်က မြင့်တာပေါ့ ။ အခုတက်တဲ့ ကာမဲတောင်က အမြင့်ပေ ၃၁၀၀ ပေ ရှိပါတယ်။ အခုတော့ တခြားမေဂျာတွေက ကျောင်းသားတွေ စိတ်ဝင်စားတာပေါ့။ ကလေးတွေ စည်းလုံးညီညွတ်မှုရတာပေါ့။ သူတို့ တက္ကသိုလ် တက်သွားပြီးတော့ တက္ကသိုလ်မှာ လေးနှစ်တာ တက်သွားပြီးတော့ ဘာမှလည်း အမှတ်တရ မကျန်ခဲ့မှာ စိုးတာပေါ့။ တောင်တက်တာက စိတ်ဓာတ်က အဓိက၊ လူကိုယ်တိုင်ကလည်း ကျန်းမာရမယ်၊ စိတ်ဓာတ်ကလည်း ကြံ့ခိုင်ရမယ်။ တောင်တက်ရင်း မောလာတော့ တစ် ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းတဲ့ စိတ်လေးရှိလာတာပေါ့” ဟု ကလေးတက္ကသိုလ် ခြေလျင်တောင်တက်အသင်းမှ ဥက္ကဋ္ဌ ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ယဉ်ယဉ်လတ်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
